အပိုင်း (၁၉)

1.6K 75 0
                                    

ခြံကြီးတစ်ခုထဲတွင်  လူတွေစုံညီနေကြပြီး
ကားတွေကလည်း  စင်ဝင်အောက်တွင် ကိုယ်စီရပ်ထားကြပြီးမှ  ကားအသီးသီးမှ ဆင်းလာကြသည့် လူတွေကလည်း အလျှိုလျှို အိမ်ကြီးတစ်ခုထဲသို့ ဝင်သွားကြသည်။

အားလုံးက ဝတ်ကောင်းစားလှများကိုသာ ဝတ်ထားကြပြီး ပွဲတစ်ခုခုကို တက်ရောက်ကြမည့် ပုံတွေအတိုင်း ရှိနေကြသည်။ မျက်စိကြိမ်းလောက်စရာ  လက်ဝတ်လက်စားများနှင့် ဟိတ်ဟန်ထုတ်နေကြသည့် မဒီတွေကလည်း အိမ်ကြီး၏အပေါ်ထပ်သို့ ဦးတည်နေကြသည်။

အိမ်ကြီး၏ အပေါ်ထပ်ရှိ  ဧည့်ခန်းကျယ်ကြီးတစ်ခု၌  စားပွဲဝိုင်းတွေက အပြည့်ရှိနေပြီး ထိုပေါ်တွင်လည်း စားကောင်းသောက်ဖွယ်ရာများက အဖွယ်အရာ နေရာယူထားကာ စာသုံးသူတွေစားဖို့ ဖိတ်ခေါ်နေကြသည်။

ဆွမ်းပွဲ /ဘောစဉ် များနှင့် ပြင်ဆင်ထားသည့် စားပွဲဝိုင်းတစ်ခုတွင်တော့  ဘုန်းဘုန်းတွေက နေရာယူထားပြီး ဆွမ်းကို အေးချမ်းစွာ ဖုံးပေးနေကြသည်။ မင်္ဂလာယူကြမည့် သတိုးသားနှစ်ဦးကလည်း လက်အုပ်လေးတွေချီကာ ရှိနေကြသည်။

ဘုန်းဘုန်းများ  ပြန်ကြွသွားတော့မှ ဖိတ်ကြားထားသည့်  ဧည့်သည်တော်တွေကို စင်တူဝတ်စုံလေးတွေနှင့် ကျက်သရေရှိနေကြသည့်  အမျိုးသားနှစ်ယောက်က ဧည့်ခံနေကြပြီး မျက်နှာတွင်လည်း ပြုံးပန်းရိပ်တွေ ဝေကာရှိနေကြသည်။

"ဒီလင် ဒီမယား --"

"မဟုတ်ဘူးလေ  မေကြီးရဲ့ ဒီလင် ဒီလင် လို့ပြောရမှာ"

"အဲ အင်း မေကြီး မှာသွားတယ် ဖေကြီး--"

နှစ်ဖက် မိဘတွေကို ကန်တော့မှ  မော်ကွန်း မေမေက မှားပြီး ရေရွတ်ကာ ဆုတောင်းပေးလိုက်သည်နှင့်  မော်ကွန်းဖေဖေက ပြင်ပေးလိုက်ပြီး  ကျန်ရှိနေတဲ့ သူတွေကလည်း
ရယ်ခြင်း အမှုကို တိတ်တိတ်သာရယ်လိုက်ကြပြီး နောက်ဆက်တွဲစကားကိုသာ  ဆက်ပြီးနားထောင်နေလိုက်ကြသည်။

"ဒီလင် နဲ့ ဒီလင် ချစ်ချစ်ခင်ခင်နဲ့ နေနိုင်ကြပြီး
သေတပန် သက်တစ်ဆုံးထိ  အခုတွဲထားတဲ့ လက်ကို မဖြုတ်ပဲ ရှေ့ဆက် လျှောက်နိုင်ကြပါစေ"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now