အပိုင်း(၂၅)

1.7K 80 4
                                    

"ပျောက်သောသူ ရှာရင်တွေ့ ။ သေသောသူ ကြာရင်မေ့ " ဆိုသည့်  ဖွဲ့ဆိုခဲ့သော စကားစုများစွာ။ ပျောက်တဲ့သူကို ရှာလျှင် တွေ့မည်။ သေသောသူကို ကြာရင်  မေ့သွားကြမည်။  ဖွဲ့ဆိုထားသော စကားစုများနှင့် မညီခဲ့သည်က  ပျောက်သောသူ ရှာလျှင်လည်း မတွေ့ခဲ့သလို / သေသောသူ ကြာရင်လည်း မမေ့ခဲ့ပါ ဆိုသည့်  စိတ်ခံစားချက်များ။ ထိုစိတ်များစွာနှင့် ပျောက်သောသူ  ရှာနေခဲ့သည့် သူ့မှာ  တွေ့ဆုံခြင်းမျိုးလည်း
မရှိခဲ့ပါ။

ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည့် အချိန်/နာရီများ၏
နောက်ဝယ်  ဥတု တစ်မျိုးပြီး တစ်မျိုးလည်း ပြောင်းလဲသွားခဲ့သည်။ ရာသီစက်ဝန်းကြီး၏ တစ်ပါတ်လည်မှု နောက်ဝယ်  မြူခိုး /မြူမှုန်လေးများပင်  ကျဆင်းစပြုနေပြီ။  မြူမှုန်လေးများ ဖွေးနေသော  ရာသီ။  ချမ်းအေးမှု၏
ကြီးစိုးရာ  ရာသီစက်ဝန်းမှာလည်း  တစ်ပါတ်လည်လာပြီးသည့်နောက်ဝယ်   နှင်းမှုန်/မြူမှုန်
များက အတိုင်းသား ကျဆင်းလာရင်းနှင့်။
ဥတုရာသီကြီးက အလွမ်းနာ ကျဖူးသူကို
ပိုပြီး လွမ်းနာကျလှအောင်   အားပေးနေသည်။

မိုက်ရူးရဲ ဆန်ခဲ့မိသော  တစ်ညတာ ခရီး။
ထိတ်လန့်ကြောက်ရွံ့သွားသော  စိတ်အစုံနှင့် သက်ရှိ ခန္တာလေး။  နှုတ်ဆက်ခြင်းမရှိ ပြောက်ကွယ်သွားခဲ့သည်မှာ ဥတု/ရာသီတွေ၏ ပြောင်းလဲသွားမှု အချိုးအစားများ။ အချိန်အားဖြင့် တိကျလွန်းသည်က  နှစ်နှစ်။

"နှစ်နှစ်တင်းတင်း ပြည့်သွားပြီဖြစ်သည့်  ဒီနှစ်တွေအတွင်းမှာ   ချစ်ရသူ မင်းလေး ဘယ်စီ ဘယ်ရပ်တွေမှာ ရှိနေပါ့။အဆင်ရောပြေရဲ့လား  မောင့်ရဲ့ ရှိန်းလေးရယ်။ မောင့် စိတ်ပူလှပြီ  "

ခန်းမကြီးသဖွယ် ရှိနေသည့် ကျယ်ပြန့်လှသည့်
ခန်းမကြီး ။ အားကစားပြိုင်ပွဲ တစ်ခု  ကျင်းပနေသည် ဖြစ်တန်ရာ  ထိုခန်းမကြီးအတွင်း၌
ရေကူးကန် ကျယ်ပြန့်ပြန့်ကြီးတစ်ခုကလည်း တည်ရှိပြီး ။ ထိုခန်းမကြီးက  ပြိုင်ပွဲ ကျင်းပရာ ရေကူးခန်းမ။

ခရာမှုတ်သံတစ်ခုနှင့်အတူ စုန်/ဆန် ကူးခတ်နေကြသည့်  ရေကူးအားကစားသမားများ။  ဆယ်ကျော်သက် အရွယ် ကလေးများက ထိုရေကူးကန်ထဲဝယ် အပြိုင်ကူးခတ်နေကြရင်း
champion ဖြစ်ဖို့ အားတတ်သရော ယှဉ်ပြိုင်နေကြသည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now