အပိုင်း(၂၃)

1.5K 76 23
                                    

ကုန်ဆုံးသွားသည့် ရက်တွေမြောက်များစွာမှာ
တစ်ရက်ထက် တစ်ရက် ဝင်သွားသည့်  နေမင်းကြီးနှင့်  အလှည့်ကျ ထွက်လာသည့် လမင်းကြီး။ နေ့ကနေ ည ၊ ညကနေ နေ့  တစ်ဆင့်ချင်း ကူးပြောင်းရင်း ရှိန်း လားရှိုးမြေမှာ ခြေချခဲ့သည်မှာ  တစ်လခွဲပင် ကြာမြင့်ခဲ့လေပြီ။ မိုးသောက်လို့ ရောင်နီလာပြီးသည်နှင့် ဦးစွာလုပ်သည်က ပန်းခြံသို့သွားပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်သည်ပင်။ တွေ့ချင်ခဲ့သော ပုံရိပ်များစွာကို မတွေ့ခဲ့ရပေမယ့် ရက်ဆက်မပြတ် သူ၏ ခြေအစုံကလည်း သွားနေမိသည်။

"Apar--!မီးပြီးပြီ"

"တက်  မီး ။ ခါးပါတ်ကို သေချာပါတ်"

"ဟုတ်"

ကားပေါ်တက်လာသည့် Sofeiကို ခါးပါတ်သေချာပါတ်ဖို့ ပြောတော့  ဆံပင်လေးတွေ လှုပ်သွားသည်ထိ ခေါင်းလေးကို ညိတ်ပြသည်။

"Sofeiလေးကျောင်းသွားတော့မှာလား"

"ဟုတ်ကဲ့ မမ ။ ပိုင်လေးရေ မမ သွားပြီ။
ကျောင်းဆင်းရင် မုန့်မုန့်ဝယ်လာမယ် ။ တာ့တာ"

fly kiss တွေကိုပါ   လက်နှင့် ဘယ်ညာပေးရင်း   ကားပြတင်းမှ  တစ်ဆင့် မြင်နေရသည့်  ပွင့်ဖြူတို့ သားအမိကို နှုတ်ဆက်နေသည့် Sofei။

ကြာမြင့်သွားပြီ ဖြစ်သည့် ဒီရက်တွေအတွင်းမှာ  Sofeiလေးကလည်း ကျောင်းပင်တက်နေပြီဖြစ်သည်။ သားတွေကို သွားတွေ့တိုင်း အတူပါလာတတ်သည့် Sofeiလေးမှာ   ရှိန်း၏ စိတ်မကောင်းမှု ပုံရိပ်များစွာကိုလည်း မြင်တွေ့ခဲ့ရသည်။ ထို့အတူပင်   "မီးလည်း ကျောင်းတတ်ချင်တယ် Apar--!"ဆိုပြီး   ပြောလာသည့် Sofeiလေး၏ စကားလုံးတိုင်းမှာ ရှိန်းလက်မခံလို့မရခဲ့။ "ကိုကို တို့ တတ်တဲ့ ကျောင်းကိုပဲ ထားပေးပါ" ဆိုသည့် တောင်းဆိုလာသည့် စကားနှင့်
"Aparစိတ်မကောင်း မဖြစ်ပါနဲ့။ကိုကိုတို့က Aparကို ချစ်ပါတယ်။ စိတ်ဆိုးနေလို့ပါ "စသည့် 
စကားများနှင့်လည်း ရှိန်းကို စိတ်သက်သာရစေခဲ့ပြီး ပျော်ရွှင်စေခဲ့သည်။

သားတွေ လက်သင့်မခံတိုင်း နွေးထွေးပေးတဲ့ Sofeiလေးနှင့်  ရှိန်း  သားတွေကို လွမ်းဆွတ်ပြီး နာကျင်နေရသည်မှာပင် သိပ်မရှိတော့။ သို့ပေမယ့် သားတွေရှိသည့် နေရာတိုင်းမှာတော့ ရှိန်းအမြဲရှိပြီး သားတွေ၏  အနောက်မှနေရျ်  ရှုမျှော်ရင်း ငေးသည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now