အပိုင်း (၂၇)(unicode)✌️

4.6K 103 0
                                    

"ပိုင်--! ပိုင်--!"

အမည်တစ်ခုကို ခေါ်နေသော အသံပိုင်ရှင်တစ်ဦး၏ အသံက လမ်းထိပ်မှပင် ကြားရသည်ထိ အသံက ဟိန်းနေသည်။

ထိုလမ်းလေးသို့ ချိုးဝင်လာသော ကားဖြူ​ဖြူလေးတစ်စီး။  ထိုကားပေါ်ထက်၌ ရှိနေသော လူသားတစ်ဦး။ ဝတ်ထားသည့်  ကုတ်ဖြူဖြူလေးနှင့် လိုက်ဖက်လှစွာဖြင့်  ထိုလူသား၏
အပြုံးလေးတွေက ဖြူစင်အေးမြနေ၏။

"မြတော့ သားကို  အော်နေပြီပဲ။
ဒီကောင်လေး ဘာတွေမွှေထားပြန်ပြီလဲ"

တစ်ကိုယ်စာ ကြားနိုင်ရုံ ရေရွတ်လိုက်ရင်း
ကားကို ခြံထဲသို့ မောင်းနှင်လိုက်သည်။
ကားပေါ်မှ မဆင်းရသေးခင်မှာပင် ကားတံခါးကို 
ဖွင့်လာသည့် လက်သေးသေးလေး။ လက်ညှိုးလေးနှင့် နှုတ်ခမ်းလေးကို ကပ်လိုက်ပြီး ရှုး/တိုးတိုး ဆိုသည့် ပုံလေးလည်း လုပ်ပြလိုက်သည်။ မိမိကပါ  လက်ညှိုးကို နှုတ်ခမ်းထက်မှာ ကပ်ပြလိုက်တော့ ပိုလို့ပင် သဘောကျသွားသည့်  သူမ၏ သားလေး။

"ဘာဖြစ်လဲသား ။ momနဲ့ ဘာဖြစ်ပြန်ပြီလဲ"

သိနေသည့်အတိုင်း မေးလေတော့  မျက်ဝန်းအစုံမှ ရှိလေသော မျက်တောင်လေးတွေကို ပုပ်ခတ်ပုပ်ခတ်လုပ်ရင်း

"သားသားကို စာမဖတ်ခိုင်းတာ"

နှုတ်ခမ်းကို တစ်ထောင်လို့ ဆူကာ ပြောလာသည့်  ပိုင်။ ပြောနေသည့် ပုံလေးကိုက အသည်းယားလာရျ်   ပါးဖောင်းဖောင်းလေးကို
မွှေးကြူတော့   ရယ်သံလေးကြာရလာသည်။

"သားက  အရွယ်နဲ့ မလိုက်အောင် စာဖတ်တာကိုး။  သားမှ ငယ်ငယ်လေး ရှိသေးတာ။
သားသားရဲ့ ဦးနှောက်လေးက မမှတ်နိုင်သေးဘူးလေ။   စာဖတ်တာကောင်းပေမယ့်  သားအရွယ်နဲ့ ဒီလောက်ကြီးတော့ မဖတ်သင့်ဘူး သား။ ဒါကို Dad လည်း သဘောမကျဘူး။မျက်လုံးထိပြီး ဒီ့ထက် ပါဝါတိုးနေရရင် ဘယ်လိုလုပ်မလဲ သား။  အခုတောင် သားပါဝါက တစ်ရာကျော်မလား။ လေးနှစ် ပါဝါတစ်ရာ  ။ဒါကကောင်းသလား သား"

"မကောင်းဘူး"

ခေါင်းပါ ရမ်းကာ ပြောလာသည်။ စာဖတ်ဝါသနာ ပါသည့်  သားမှာ  ငယ်စဉ် အိပ်ရာဝင်ပုံပြင် များနှင့်  ကလေးသီချင်းများ၏   သီဆိုသံများမှာ  နားရေးဝခဲ့ပြီး စာဖတ်ခြင်းကိုစိတ်ဝင်စားလာခဲ့သည်။  တစ်လုံးတတ် နှစ်လုံးတတ်မှာ   " သားလေးအတတ်မြန်တယ် "ဆိုပြီး
မြက  အိပ်ယာဝင်နှင့် အားလပ်ချိန်တိုင်းမှာ
သားလေးကို    စာသင်ပေးလာသည်။  အတတ်လွယ်ပြီး သင်ယူမှုကောင်းသည့် သားမှာ  
အင်္ဂလိပ် ကဗျာ /သီချင်း တစ်ချို့တစ်ဝက်နှင့်
ပုံပြင်လေးများကို ဖတ်တတ်လာခဲ့သည်။
မသိတာ ရှိလျှင် သူမနှင့် မြကို မေးတတ်ပြီး
အားစိုက်ဖက်သည့် သားလေးမှာ ကလေးပီပီ  ပုံပြင် စာအုပ်တွေကို ဖတ်ရတာ သဘောကျသည်။  အရွယ်နှင့်လိုက်ဖက်မှုမရှိစွာ   ပုံပြင်နှင့် ကဗျာစာအုပ်လေးများကို အားစိုက်ဖတ်ပြီး သုံးနှစ်အရွယ်မှစရျ် မျက်မှန်တပ်ခဲ့ရသည်။
ဆိုးရိမ်သည့် မြမှာ  စာဖတ်ချိန်ကို အချိန်နှင့် လုပ်ပေးထားပြီး မျက်လုံး မထိခိုက်ရအောင်
ကြီးကြပ်သည်။ သို့ပေမယ့် သားလေး၏ ဝင်စားမှု အား ပြင်းပြလာချိန်တွင် မြလည်း မထိန်းထားနိုင်ခဲ့။ ဒီတစ်နှစ်အတွင်းမှာ  အမြဲ ပါဝါစစ်ရ/ ပါဝါချိန်ရ နှင့် သားလေးမှာ အခုဆို လေးနှစ်နှင့် ပါဝါက တစ်ရာကျော်သွားပြီဖြစ်သည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now