အပိုင်း(၂၄)

1.5K 74 10
                                    

မရောက်ဖြစ်တာ ကြာခဲ့ပြီဖြစ်သော L(1) club။
နီးကပ်လာပြီ ဖြစ်သည့် ပြိုင်ပွဲရက်များစွာမှာ
မလိုတော့သော ပြိုင်ပွဲရက်။ ရက်သုံးဆယ် ကျော်ကျော်လေး တစ်လကျော်လေးပင် လိုတော့သည်။

ဖက်စပ်လုပ်ငန်းများနှင့်  projectအသစ်တွေကြားမှာ  မြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စုထားရာ နယ်မြေ။ ထိုနယ်မြေကို ခြေချခဲ့ပြီး နောက်စီးပွားရေး   တစ်ခုအတွက်  ညှိနှိုင်းခဲ့ရသည်။ နေဝင်ချိန်ကို  တစ်ကိုယ်ထဲ ကြည့်ရင်း
စိတ်ကူးယဉ်မိစွာ   ဖြစ်ပေါ်လာသော အတွေးတစ်ခုနှင့် မင်းဆက် ပျော်နေမိသည်။

"တစ်နေ့ကျရင်လေ မောင်ရယ် ရှိန်းရယ် ကိုယ်တို့ရဲ့   ပြတ်ရျ် မပြေခဲ့သော ကြိုးလေးတွေရယ်
ဒီဒေသကို အတူလာကြမယ်။ မောင်ရဲ့ ပုခုံးတစ်ဖက်ကို  ရှိန်းက မှီရင်း  ရှိနေမယ်။ မောင်တို့ရဲ့ ကလေးတွေက ဒီဒေသရဲ့  အမွေအနှစ်တွေကို လေ့လာမယ်။ မသိတာရှိခဲ့ရင် မောင်နဲ့ ရှိန်းက
ပြန်ပြင်ပေးမယ်။ မောင့်ပုခုံးမှာ မှီပြီး ရှိနေတဲ့ ရှိန်းက  တူရွင်းတောင်အထက်မှာ ရှိနေမယ့်
နေမင်းကြီးအဝင်ကို  ကြည့်ကြမယ်။  နေဝင်ဆည်းဆာအလှမှာ မောင်ရယ် ရှိန်းရယ် မောင်တို့ရဲ့ နှောင်ကြိုးများစွာရယ်  ဒီဒေသရဲ့ အလှကို ခံစားမယ်။  ရှိန်း--!  မင်း တွေးကြည့်စမ်း။
အတွေးလေးနဲ့တင် လှပတဲ့   ဒီစိတ်ကူးယဉ်မှုလေးကို  မင်းရော ကိုယ်တိုင် မဖန်တီးကြည့်ချင်ဘူးလား ရှိန်း"

ပြန်လည်တွေးမိလာသော လှပသည့်အတွေးလေးတစ်ခု။ တစ်ရိပ်ရိပ်  အတွေးထဲ ဖြတ်သန်းလာရင်းနှင့်  "ရှိန်း မင်းဘယ်မှာလဲကွာ--?"။

မဆင်မခြင်မိခဲ့သော  ညလေးတစ်ည။
အပြာရောင် အချစ်ညမဖြစ်ခဲ့သော ထိုညလေးမှာ မင်းဆက် ကြမ်းတမ်းခဲ့ရင်းနှင့်။  နိုးထလာခဲ့သော တစ်မနက်ဝယ်  လစ်ဟာနေသော တစ်ဖက်ခြမ်း။ ထွက်သွားပြီဖြစ်သည့် ရှိန်းမှာ သူ့ကို မုန်းသွားမှာက သေချာသလောက်ရှိနေသည်။
မိုက်ရူးရဲဆန်စွာ မထိန်းချုပ်မိခဲ့တဲ့ စိတ်တွေ၏
အဆုံးသတ်ကား မင်းဆက်  ဖွင့်ထုတ်လေမှ
ကြမ်းတမ်း /ဆုတ်ဖြတ်ရင်းနှင့် ပြတ်ရှသွားခဲဲ့သည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now