အပိုင်း(၂၁)

1.4K 79 7
                                    

အကွေ့အကောက်လမ်းတွေများစွာကို ဖြတ်ကျော်မောင်းနှင်လာသည့်ကားလေးတစ်စီး။
ဦးတည်ရာတွေမှန်ပြီး  ပြန့်ပြူးပြူး လမ်းထက်
တည်နေရာ မှန်နေပြီးမှ အကွေ့ပိုင်းကို ထပ်ကွေ့ပြီးသည့်နောက်မှာတော့ တည်နေရာကို ရှာတွေ့သွားသည့်နှယ်   ကားလေးက လမ်းမကြီးထက် ပြေးလွှားနေသည်။

တောင်ပြာတန်းအကွယ်ထက်မှာ သာနေသည့် နေမင်းကြီးက ယနေ့ကျမှပိုပြီး ပူလောင်နေသည့်အတိုင်း ရှိန်း၏ ရင်ထဲဝယ် အေးချမ်းချင်းမရှိ
ပူလောင်လို့နေသည်။

အချိန်အားဖြင့် သုံးလ---။ ရက်ပေါင်းတွေဆို မခန့်မှန်းနိုင်တော့ပြီ။ မြန်မာပြည် /မွေးရပ်မြေဖြစ်သည့် လားရှိုးမြို့ကြီးကနေ ရှိန်းထွက်ခွာခဲ့သည်မှာ သုံးလပင် ပြည့်ခဲ့ပြီ။

ဒီသုံးလအတွင်းမှာ ကိစ္စတွေလည်းများစွာ  ဖြစ်ပျက်ခဲ့သလို  ဒီမွေးရပ်မြေ / ဒီအသိုက်အဝန်းသို့ ခြေမချမိခဲ့သည်မှာပင် ကိုရီးယားကို ထွက်သွားသည့် နေ့ထဲက ။ ကြည်သိုင်းလာသည့် မျက်ဝန်းအစုံမှ မျက်ရည်စများကို အမြန်သိမ်းဆည်းရင်း
ဘေးမှာ  ရှိနေသူလေး မမြင်ရအောင် မျက်တောင်များနှင့် ကွယ်ဝှက်ရသည်။

" Apar--! "

ခေါ်လာသည့် အသံလေးကို ကားမောင်နှင်ရင်းနှင့်ပင် ပြုံးပြလေတော့ ။  ဖြူစင်သည့် အပြုံးခပ်ပါးပါးလေးတစ်ခုက စီးကြိုသည်။

"ပြောလေ မီး။ ဘာပြောချင်လို့လဲ"

"ဟင့်အင်း"

"မီးပြောစရာရှိလို့ ခေါ်တာမလား"

မေးခွန်းထုတ်မိတော့  နှစ်ဖက်ခွဲထားသည့် ဆံပင်သားများကို လှုပ်ခတ်သွားအောင်  ခေါင်းလေးယမ်းပြသည့် Sofei။

"ဘာလဲ မီး daddy ကို လွမ်းနေတာလား"

ကားမှန်ကိုသာ ကြည့်နေသည့် Sofei။ မျက်ဝန်းတွေကလည်း ညှိုးငယ်စွာဖြင့်။  စိတ်မကောင်းဖြစ်ပေးရုံပင် တတ်နိုင်လေတော့ ဘာမျှ စကားဆက်မဆိုမိတော့။ ထိုအခါ ဆိတ်ငြိမ်သွားသည့် ရှိန်းတို့၏ ကားလေး။  ကားအတွင်းမှာ ဆိတ်ငြိမ်သွားပေမယ့် ကားလေးကတော့ ထုံးစံမပြတ် ကားလမ်းမပေါ် ပြေးလွှားနေရင်းနှင့်
လိုရာခရီးကို ဆက်နေလေသည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now