အပိုင်း(၁၆)

2K 107 0
                                    

ဧရိယာ အတန်ကျယ်ဝန်းနေသည့် အဆောင်တစ်ခုတွင် ဂျူတီကုတ်အဖြူကိုဝတ်ထားပြီး  ပြေးလွှားနေသူတစ်ဦး။ ထိုသူ့ ပုံစံက  ဆံပင်တွေ တိုကပ်ကပ်ရှိနေပြီး   အနေတော်အရပ်နှင့်   ရှူးခပ်မြင့်မြင့် တစ်ခုကို စီးထားကာ ခြေလှန်းတွေက အလျှင်လိုနေဟန်ဖြင့် အခန်းတစ်ခုသို့ ဦးတည်နေသည်။

"ရှိန်း--!"

"Alex--!"

Alex အခုမှ  ဆိုးရိမ်စိတ်တွေ လျော့သွားပြီး
ရှိန်း တစ်ကိုယ်လုံးကို သိမ်းကြုံးကြည့်ပြီးကာမှ

"မင်းဘာမှ မဖြစ်ဘူးနော်။ တော်သေးတာပေါ့--"

အခုမှ Alex သက်ပြင်းချနိုင်တော့သည်။
ဆေးရုံဝင်ဝင်ချင်း ပြောလာတဲ့ ဆရာ့ သူငယ်ချင်း ဆေးရုံရောက်နေတယ်ဆိုတဲ့  နာစ်မလေး စကားကြောင့် သူအလျှင်တွေလိုနေခဲ့သည်။ ဆေးရုံက လူတွေ Alexတို့ ဆိုင်
မထိုင်ဖူးသူက မရှိသလောက်မို့  သူငယ်ချင်းဆိုတာကလည်း ရှိန်းကို ပြောမှာကို Alexအတတ်သိနေခဲ့တာ။ တကယ်လည်း ရှိန်း ဖြစ်နေသည်။

"မင်း ဒီအခန်းရှေ့ ဘာလုပ်နေတာလဲ--?"

"ဆရာ --! ဆရာက--!"

"doctor Alexပဲ--!"

"ဦးခွန်နောင်မင်းဆက်--! သား--!"

"စိတ်မပူနဲ့ ကောင်းသွားမှာပါ။ ကိုယ်ဆရာဝန်နဲ့ သွားတွေ့လိုက်အုံးမယ်"

Alex အရှေ့က ပုံရိပ်တွေကို   နားမလည်နိုင်စွာ ဖြစ်နေရသည်။ ရှိန်းက ဘာမှမဖြစ်ပဲ ဆေးရုံရောက်နေပြီး  ကလေးအထူးကုနဲ့ မင်းဆက်က
ဆေးရုံရဲ့ VIP အခန်းထဲကနေ ထွက်လာကြသည်။ မင်းဆက်ကို မြင်တော့ ရှိန်းက ဆိုးရိမ်စွာ  သား  ဆိုပြီး မေးသည်။  သားဆိုတော့   ကလေးတွေများ--!

Alex အခန်းအပြင်က မှန်ကနေ  အတွင်းထဲသို့ မဟုတ်ပါစေ ဆုတောင်းရင်း ကြည့်လိုက်သည်။
သို့သော် သူမ ဆန္ဒတွေ မပြည့်ဝလိုက်။ ဇက် လေးက drip တန်းလန်းနဲ့  ဆေးရုံကုတင်ပေါ်တွင်
အိပ်ပျော်နေပြီး ခန့် နှင့် ဆက်က ဆိုဖာတွင်ထိုင်နေကြသည်။  ဇက်ဘာဖြစ်တာလဲ။
ပြောတော့ ကိုရီးယား သွားကြတာဆို။

"ရှိန်း ဇက် ဘာဖြစ်တာလဲ--?"

"Alex ငါတို့ စကားပြောဖို့ လိုပြီ"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now