အပိုင်း(၂၆) unicode✌️✌️

2K 71 1
                                    

အံ့ဩနှုတ်ဆက်ခြင်းတွေနှင့် နှုတ်ဆက်သံတွေမှာ အဆုံးမှာ   လှည့်ကြည့်လာသူလေး။  ကျွန်တော် အမှတ်မမှားခဲ့သည့်  ထိုလူသားလေးမှာကျွန်တော်၏ ရှိန်းပင် ဖြစ်သည်။

"ဖေငယ်--! ဖေငယ်--!"

နားထဲ ကြားလာရသော အသံတစ်စွန်းတစ်စများကြောင့် ရှိန်း မဟုတ်ပါဘူးလေဆိုပြီး လှည့်ကြည့်လိုက်သည်။လှည့်လိုက်လေမှ တွေ့မြင်လိုက်ရသည့် ပုံရိပ်တွေမှာ  ထိုအသံပိုင်ရှင်က ရှိန်း ထင်မှတ်မထားခဲ့သော  လူသားတွေပင်။

"သားတို့ ---!  သားတို့လား"

ညိတ်ပြလာသည့် ခေါင်းညိတ်မှုများနောက်တွင် ရှိန်း၏ ရင်ခွင်ထဲသို့ ခိုဝင်လာခဲ့သော သားသုံးယောက်။ ဒူးထောက်မိသွားသည့် ရှိန်းမှာ  သားတွေကိုပြန်လည် ပွေ့ဖက်ရင်းနှင့်  ဝမ်းသာမျက်ရည်ကျမိသည်။

"ဖေငယ် မငိုပါနဲ့ ။ဖေငယ့်ကို မငိုစေချင်လို့ ဖေငယ် မငိုပါနဲ့ "

"မငိုပါနဲ့ ဖေငယ်ရယ်"

ပါးပေါ်ကျရောက်လာသည့် လက်သေးသေးလေး မဟုတ်တော့သည့် ရှည်သွယ်သွယ်လက်ကလေးများစွာ။ လူကြီးမကျ ကလေးမကျရှိနေသည့် သားသုံးယောက်မှာ  လူပျိုအရွယ်လေးတွေပင် ရှိသွားကြပြီ။

"ဖေငယ့် သားတွေက ကောင်းကောင်း ကြီးပြင်းလာတာပဲ ။ ဖေငယ် ဝမ်းသာလိုက်တာ"

"ဒါဆို မငိုတော့ဘူးလို့ ဂတိပေး"

လက်သန်းကို ထုတ်လာသည့် ဇက် ။ ဆက်က ရှိန်း၏ လက်သန်းကို ထုတ်လိုက်ပြီး ခန့်က "ဂတိလုပ်လိုက် ဖေငယ်"ဆိုပြီး ပြောလာသည်။

"ဟားဟား--!"

ရယ်သံတစ်ခုနှင့်အတူ ရှိန်း သားတွေကို လက်သန်းခြင်းချိတ်ပြီး ဂတိပေးပြီးမှ

"သားတို့ကို  လူပျိုလေးတွေ မှတ်နေတာ။
သားတို့က ကလေးတွေပဲ ။ ဖေငယ့် သားတွေက လုံးဝ ကလေးတွေပဲ"

ကလေးစိတ်လေးတွေနှင့် ရှိနေကြသည့် ခန့်တို့ညီအစ်ကိုသုံးယောက်မှာ  ရှိန်း၏ စကားကို ကြားပြီး   လည်ပင်းကိုသာ  ပွတ်နေတော့သည်။
ထိုထဲ  အရှက်ဆုံးကတော့ ဆက်ပဲ ဖြစ်သည်။
တစ်ဝက်စီးထားသည့်  ဆံပင်ကို  ကိုင်ရင်း  နားဖျားလေးတွေကလည်း ရဲနေပေသည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now