အပိုင်း(၁၃)

1.8K 108 3
                                    

ရှိန်း  ကားကို မိုင်ကုန် မောင်းလာပြီးမှ  ကားစီယာတိုင်ကို ခေါင်းငိုက်စိုက် ချထားလိုက်သည်။
သူ  မင်းဆက် ရှေ့မှာ မျက်ရည်တွေကျခဲ့သည်။
ဘာအတွက်ကျမှန်း သူလည်းမသိ။ သူ ဝမ်းနည်းပြီးကို ကျလာတာ သူ့ရဲ့ ဒီမျက်လုံးအိမ်တွေကနေ လေ။

ရှိန်းပါတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးမှ ဒရှ့်ဘော့က်(စ်)ပေါ်က  စီးကရက် ဗူးယူလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။သူ့အတွက်တော့ ဒီလို ဖြစ်နေချိန်မှာ အကောင်းဆုံးအဖော်မွန်က  စီးကရက်ဖွာရှိုက်ခြင်းပဲ။ နှင်းတွေ မြူတွေရောပြီး  အေးခဲနေတဲ့  ရာသီကို ရှိုန်း အံတုလိုက်ပြီး  စီးကရက်မီးနီးနီကို  ဖွားခနဲ မြည်အောင် ခါလိုက်ပြီးမှ တစ်ချက်ချင်း ရှုရှိုက်နေလိုက်သည်။

ကားအဖြူ ကို မှီပြီး  suit ဝတ်ဆုံဖြူကို ဝတ်ဆင်ထားကာ လက်ထဲ  မီးနီနီ စီးကရက်နှင့်  အတော်မှ အထာကျနေသည့်  ရှိန်းကို ကားပေါ်မှ မင်းဆက်ကြည့်လိုက်ပြီး  ကားကို  ရှိန်းနှင့် မနီးမဝေးမှာ ရပ်ထားလ်ိုက်သည်။ ရှိန်းက  ဂုတ်ထိ ရောက်နေတဲဲ့ နက်မှောင်နေတဲ့ ဆံသားတွေကို အပေါ်ကနေ တစ်ထပ် half စီးထားပြီးမှ  လက်သွယ်သွယ်ထဲ စီးကရက် မီးနီနီကို  ထည့်ထားပြီး
အအေးဒဏ်ကို   မိတ်ဆွေဖွဲ့ထားလေသည်။
မင်းဆက်  ရှိန်းကို   ဆက်မကြည့်နိုင်တော့ရျ်
ကားပေါ်မှ ဆင်းပြီး လျှောက်သွားလိုက်သည်။

"လိုက်လာတာလား--?"

"ရှိန်းမှ ကိုယ်ပြောတာ နားမထောင်ပဲ"

မင်းဆက် မဲ့ပြုံးပြုံးပြီး ရှိန်းကို ကြည့်လိုက်လျှင်ရှိန်းက

" ခင်ဗျား စကားကို ဘာလို့ ကျွန်တော်က နားထောင်ရမှာလဲ" ဆိုပြီး စီးကရက်ကို ဖွာခနဲ
ရှုရှိုက်လ်ုက်ပြန်သည်။

"နားထောင်ဖို့ အကြောင်းရှိတယ်ဆိုရင်ရော---"

"ပြောကြည့်လေ နားထောင်ကြည်ပြီး   နားထောင် သင့်မသင့် စဉ်းစားမှာပေါ့"

"မင်းက မခေဘူးပဲ"

"ကျွန်တော် မခေတာ အခုမှသိလား--?"

မင်းဆက် မျက်ခုံးတွေသာ ဆက်တိုက်ကို ပင့်နေရသည်။ သူ့ရဲ့ ရှိန်းက အများကြီး ပြောင်းလဲသွားသည်။ အရင်ဆို  စီးကရက်အနံ့ကို မခံနိုင်တဲ့ သူက အခု  တစ်ချက်ခြင်းကို ရှုရှိုက်နေပြီး
စီးကရက်ကို ခုံမင်နေသည်။ ပြီးတော့ သူ့စကားတွေကိုလည်း  တစ်ခွန်ချင်း တုံ့ပြန်နေတာက
ကလေး တစ်ယောက်လို ဖြစ်နေရျ် မင်းဆက်
ရှိန်းကို သာ ကြည့်နေလိုက်တော့သည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now