အပိုင်း(၄)

2.3K 136 5
                                    

"ကျွီ---ဝုန်း--"

"ဟာ သွားပါပြီ---! ဘယ်လိုစောက် ကားလဲကွာ--?။ ကန်းနေတာလား--?။ မမြင်တာလား--?"

"ဘာဖြစ်တာလဲ Alex"

"ဒီမှာလေ--!"

Alex ပြရာကို  ရှိန်းကြည့်လိုက်သည်။ 'ဟာ ---ကားနောက်မီးသီး ကွဲသွားတာပဲ။ဒါမျိုးဆိုတာကားတစ်စီးက နောက်ကနေ ဝင်ကျုံးမှမလား--?။'

ရှိန်း နဲ့ Alex  လေယာဉ်ကွင်းထဲကနေ  ထွက်လာတော့မှ ကားက ဖြစ်သွားတာ ။ ဘယ်သူလုပ်မှန်းတောင် သူတို့မှာ မသိလိုက်ရ။

Alexကတော့ တောက်သာခေါက်ပြီး  ကားထဲသို့ ဝင်ကာ ကားမောင်းဖို့ ပြင်နေသည်မို့ ရှိန်းလည်း ကားထဲ ဝင်ထိုင်လိုက်သည်။

"ရှိန်း--- Sofeiကို သတိရနေပြီလား--?"

"အင်း--"

ရှိန်းတို့ အပေါ်ကနေ ကောင်းကင်၌ ပျံသန်းနေတဲ့ လေယာဉ်ကိုကြည့်ပြီး ရှိန်းအမှန်တိုင်းပင် ဖြေလိုက်သည်။

"Sofei က ပျော်မှာပါ--"

"အင်း  ငါလဲ ယုံတယ်။ Sofei ပျော်နေမှာကို--!"

ရှိန်းပြောသာပြောလိုက်ရသည်။ လေယာဉ်မထွက်ခင်တုန်းက Apar---ဆိုပြီိး သူ့အနားကနေ တစ်ဖဝါးမှ မခွာနိုင် ဖြစ်နေတဲ့ Sofeiပုံလေးတွေကို ရှိန်းမြင်လာပြီး  စိတ်မကောင်း ဖြစ်ရသည်။

"နှစ်ပါတ်လည် နေ့ကျရင်တော့ ပြန်မှာမလား---?"

"Unnie က ငါ့အတွက် ဘယ်လိုလူမလို့။ ပြန်မှာ--"

"အင်း--"

Alex စိတ်မကောင်းဖြစ်နေတဲ့  ရှိန်းကို ဘာစကားမှ ဆက်မဆိုတော့။ သူ့ ယောက်ဖကလည်း သေရှာမှာသွားသည် ရှိန်းကို ဂရုစိုက်ဖို့ ၊နောက်ပြီး ရှိန်းရဲ့ အတိတ်က အကြောင်းတွေ အတွက်လည်း အနားမှာ ရှိနေပေးဖို့ ။ထို့ကြောင့် Alex တိတ်တိတ်သာ နေလိုက်တော့သည်။ အခုဆို ယောက်ဖဖြစ်သူနဲ့ တူမလေးကလည်း မွေးရပ်မြေဖြစ်တဲ့ တောင်ကိုရီးယားကို ပြန်သွားကြပြီ။ ရှိန်း အနားမှာ သူနှင့် မြ ပဲ ရှိတော့သည်။ ရှိန်းကို ဂရုစိုက်ဖို့က သူ့မှာ တာဝန် အပြည့်အဝရှိသည်။

"ရှိန်း--- မနေ့က ငါ စမ်းသပ်ပေးတာ ဘယ်လိုလဲ။ သက်သာရဲ့လား--?"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now