အပိုင်း(၆)

2K 117 1
                                    

"ကျလိ---ကျလိ--"

အရှေ့အရပ်မှ ထွက်လာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်က  ပြတင်းမှတစ်ဆင့် အခန်းအတွင်းသို့ ​ဖြာကျလာသည်။ ရှိန်း မျက်လုံးတွေကို  ပွတ်သပ်လိုက်ပြီး  ခေါင်းရင်းမှာရှိနေတဲ့ 
နာရီိကို အကြည့်ပို့လိုက်တော့  ၅:၃၀ တိတိ။

"တောင်ပေါ်နေက  အစောကြီးကို မျက်လုံးကျိန်းနေပြီ။"

ရှိန်း အခန်းတွင်းသို့ ဖျာကျနေတဲ့ နေရောင်ကို လျစ်လျူရှုလိုက်ပြီး  ကိုယ်လက်သန့်စင်ဖို့ရာ
ရေချိုးခန်းသို့ ဦးတည်လိုက်သည်။ နှာဖျားဝသို့
လာပြီး ကျည်စယ်နေတဲ့ ကော်ဖီနံ့ သင်းသင်းကြောင့်လည်း ဘေးမှာရှိနေတဲ့  coffee house ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

"ကိုရှိန်း  အားကစား လုပ်မလို့လား--?"

"ကိုရှိန်း ရောက်တုန်းက ဒီနားမှာ  ပန်းခြံတစ်ခုတွေ့ခဲ့လို့ အဲ့ဒါမနက်အစော ပြေးမလားလို့လေ"

ရှိန်း အားကစားလုပ်ဖို့ ဆိုပြီး ခြံထဲဆင်းလာတော့မှ ပွင့်ဖြူက coffee houseကနေ ရှိန်းကို နှုတ်ဆက်ရျ် ရှိန်း ပွင့်ဖြူနဲ့ စကားဆိုနေရသည်။

"ကောင်းတယ် ကိုရှိန်း အားကစားလုပ်တော့ ကောင်းတာပေါ့ ။ သက်လုံလည်း ကောင်းသလို
ကျန်းမာရေးအတွက်လည်း  အဆင်ပြေတာပေါ့"

"ဟုတ်တယ် ပွင့်ဖြူ ဒါနဲ့  Alexရော--"

"ဟိုးမှာလေ  ကောင်တာမှာထိုင်ပြီး ငိုက်နေလေရဲ့"

"ဟား ---ဒီကောင်တော့ကွာ အိပ်တာဖြင့်  အခန်းထဲ အိပ်တာမဟုတ်ဘူး"

"ဒါပဲ​ ပွင့်ဖြူလည်း ပြောတာပေါ့ ။ သူကကို မရတာ--"

"မင်းလည်း စဉ်းစားကြည့်လေ ရှိန်းရဲ့။
night dutyတွေဆက်ပြီး  အိပ်ရေးပျက်ပါတယ်ဆိုမှ ကိုယ့်  ladyမရှိပဲ ကိုယ်က ဘယ်လို အိပ်ရမလဲ။ သူ့ကိုယ်သင်းနံ့မှ မရပဲလေ--"

"တော်ပါ ရှင်ရယ်--"

ပွင့်ဖြူက ရှိန်းကို ပြောရင်း Alexကိုပါ စကားဝိုင်းထဲ ထည့်ပြောလာရျ် Alexပါ ရှိန်းတို့  စကားဝိုင်းထဲ ပါလာပြီး ပွင့်ဖြူနှင့် စနောက်နေသည်။

"ဒါဆို မင်းလည်း  ဆက်ငိုက်လိုက်အုံး Alex။
ပွင့်ဖြူက အိပ်တော့မှာ မဟုတ်ဘူးလေ။ ငါလည်း လေကောင်းလေသန့်လေး ရှုလိုက်အုံးမယ်"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now