အပိုင်း(၁၇)

1.7K 96 0
                                    

ရင်ခွင်ထဲမှာ မှေးစက်နေတဲ့  ချစ်ရသူကြောင့် မင်းဆက်  နှုတ်ခမ်းပါးတွေ လှုပ်ခတ်သွားရပြီးချစ်ရသူကို အနမ်းတစ်ပွင့် ပေးပြီးမှ သူ နိုးထလိုက်သည်။ ချစ်ရသူ အိပ်နေတာလေး ပျက်သွားမည် ဆိုးလှသဖြင့် လက်လေးကို အသာရုတ်ပြီးမှ  ချစ်ရသူကို  ခေါင်းအုံးပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက်မှ သူလည်း ထလိုက်ပြီး  ကိုယ်လက်သန့်စင်ဖို့ရာ ရေချိုးခန်းသို့ ဦးတည်လိုက်တော့သည်။

"ဖေဖေ--!"

"ဖေငယ်--!"

အခန်းထဲဝင်လာပြီး သူနဲ့ ရှိန်းကို ရေရွတ်ကာ ခေါ်နေကြတဲ့ အသံစာစာလေးတွေကြောင့် မင်းဆက်  သားတွေကို   ရှူး---!တိုးတိုး ဟု  သာ လုပ်ပြလိုက်ပြီး

"မင်းတို့ ဖေငယ် အိပ်နေတယ်။မဆူကြနဲ့--!"

"ဖေငယ်က အားကစားလုပ်မှာ မလိုက်ဘူးလား --?"

"လိုက်ဖြစ်မှာ မဟုတ်ဘူး "

"ဘာလို့လဲ--?"နေ့တိုင်းအတူ သွားနေကြကို--!"

မနက်တိုင်း ကလေးတွေနှင့်အတူ အားကစား လုပ်ကြပြီး  ရှိန်း မလိုက်ဖြစ်ဟု ပြောလိုက်သည်နှင့်  ကလေးတွေက စိတ်အလိုမကျစွာမင်းဆက်ကို မေးလိုက်ပြီး ရှိန်း အိပ်နေသည့် ကုတင် ထပ်သို့  ငြိုးငယ်တဲ့ အကြည့်တွေနဲ့ ကြည့်လာကြသည်။

"ဖေငယ် လိုက်မှာ--! ဘယ်သူပြောလဲ ဖေငယ်မလိုက်ဘူးလို့--!"

"ဖေငယ်---!"

ကုတင်ပေါ်ကနေ  ရှိန်းထထိုင်လိုက်ပြီး ကလေးတွေကို ပြောလိုက်မှ ကလေးတွေက ရှိန်း
ကုတင်ပေါ်သို့ ပြေးတက်လာကြပြီး ရှိန်းကို ထခိုင်းနေကြသည်။

မင်းဆက်ကတော့  ရှိန်းနှင့် သားတွေကိုသာ ကြည့်ပြီး ပြုံးနေပြီးမှ  မေးခွန်းတစ်ခုကလည်း သူ့ အတွေးထဲတွင် ကြီးစိုးနေသည် ။ 

ရှိန်း ဘယ်အချိန်ထဲက နိုးနေတာလဲ--?။

ရှိန်းကလေးတွေကို အရင် အနမ်းတစ်ပွင့်စီ ပေးလိုက်ပြီးမှ  ကိုယ်လက်သန့်စင်ဖို့ ရေချိုးခနိးသို့ ဦးတည်လိုက်သည်နှင့်

"ပြွတ်--!"

"ခင်ဗျား--! ကလေးတွေရှေ့မှာလေ--!"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now