အပိုင်း(၂၀)

1.5K 77 0
                                    

မင်းဆက်၏ အိမ်တွင်ဖြစ်သည်။ အချိန်ကား မနက် ၉:၀၀ တိတိ။

အပြင်မှာ  ဖုန်းပြောနေသည့်  ရှိန်းကို မင်းဆက် သေချာကြည့်နေပြီးမှ အခါခါလည်း သူ သက်ပြင်းတွေ ချနေမိသည်။ ရှိန်းက ဖုန်းသာပြောနေတာ ဖုန်းပြောရင်း စိတ်တွေပူပန်နေသည့် အသွင်ကြီးက သိသာနေသည်မို့ မင်းဆက်မှာ ဆိုးရိမ်နေသည်။ ခေါ်သည့် သူက  ကိုရီးယားက ဟေဂျွန်းဖြစ်ရျ်  မင်းဆက်မှာ   ရှိန်း ပြောနေတာတွေကိုလည်း သိချင်နေမိပြန်သည်။

လမ်းကို ခေါက်တို့ခေါက်ပြန်လျှောက်နေပြီး ဝရံတာမှာ ဖုန်းပြောနေသည့် ရှိန်းကို ကြည့်နေတဲ့ မင်းဆက်ကို ကြည့်ပြီး  ခန့်တို့သုံးယောက်မှာလည်း ဂနာမငြိမ် ဖြစ်နေရသည်။

သူတို့ ဖေဘာဖြစ်နေတာလဲ ။ ပြီးတော့ ဖေငယ်ကကော  ဘာလို့ ဖုန်းပြောရင်း ငိုနေရတာလဲ။

ခန့်တို့ တစ်ယောက် မျက်နှာ တစ်ယောက်သာ ကြည့်လိုက်ကြပြီး  ရှိန်း၏ ဖုန်းပြောအပြီးကိုသာ စောင့်နေလိုက်ကြသည်။  ရှိန်း ဝင်လာရင် ဘာအကြောင်းလည်း ဆိုတာ သူတို့သိပြီ။
သူတို့ မနေ့ကမှ ကလောအိမ်က ပြန်လာကြသည်။ မိသားစုအစုံ သွားရတဲ့ ခရီးဖြစ်ရျ်  သူတို့ရော  သူတို့ဖေတွေပါ  ဝမ်းသာနေကြမှာကို သူတို့ သုံးယောက်လည်း သိသည်။ မနက်စာ စားပြီးမှ ဖေငယ့်စီ ဝင်လာတဲ့  ဖုန်းကြောင့် သူတို့ အားလုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြသည်။
ဖေငယ်က  ဖုန်းပြောရင်း အလောကြီးစွာနဲ့
အပြင်ကို ထွက်ပြောသည်။ သူတို့မှာလည်း
မင်းဆက်၏ သက်ပြင်းသံတွေကြောင့် စိတ်တွေမှာ မတည်ငြိမ်နိုင်တော့။

"ဖေငယ်--!"

"ရှိန်း--!"

ကလေးတွေ၏ ခေါ်သံအဆုံးသတ်မှာ မင်းဆက်လည်း  သူရောက်နေရာကနေ  ရှိန်းစီအမြန်လာပြီး ရှိန်းကို ခေါ်လိုက်သည်။ သို့သော် ရှိန်းမှာ စကားပင်မပြောနိုင်  အခန်းတွင်းသို့   ဒရောသောပါးပြေးသွားသဖြင့်  မင်းဆက် ထိုအခန်းထဲသို့  သူလည်း လိုက်ပါသွားလိုက်သည်။ ကလေးသုံးယောက်မှာလည်း   အဖေနှစ်ယောက်၏ အခန်းတွင်းသို့   သူတို့ပါ ဝင်သွားပြီး  ဖအေနှစ်ယောက်ကို  ကြည့်နေကြသည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now