အပိုင်း(၁၅)

2.1K 104 5
                                    

မော်ကွန်း ကားမောင်းနေရင်းမှ ဘေးတွင်ထိုင်ပြီး
မျက်ခုံးတွေတွန့်ချိုးကာ  လိုက်ပါလာတဲ့  မင်းခန့်ကြောင့်  ကားမှန်ကနေ အနောက်သို့ အကြည့်ပို့လိုက်သည်။  L1 clubရဲ့ အသင်းသားသုံးယောက်က စီးကြိုပြီး ပြုံးပြလာသဖြင့်  မော်ကွန်းခေါင်းညိတ်ပြလိုက်ပြီးမှ  ကားကို ဖြေးဖြေးမှန်မှန် မောင်းနှင်ရင်း ဦးတည်ရာတစ်ခုစီသို့ ဦးတည်လိုက်သည်။

"မင်းတို့ ရောင်ပိုင့်အိမ်သွားမှာ ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် ခေါင်းဆောင်ကလည်း--!။ သီပေါလိုက်မယ်ဆိုတာနဲ့ ကိုမော်ကွန်း တစ်အိမ်ပဲ ရှိတယ်ထင်နေတာလား--?"

"မင်းတို့အကြောင်း မင်းတို့ပဲ သိမှာပေါ့"

မင်းခန့်က ပြောလိုက်လျှင် အနောက်မှာထိုင်နေတဲ့  oneက မြန်မြန်ပဲ ချေပလိုက်ပြီး 94နှင့်
မျက်လုံးချင်းစကားပြောကာ ရယ်နေကြသည်။

သူတို့ ခေါင်းဆောင် တင်းနေပြီလေ။
သူဌေး မရှိတုန်း  နှစ်ယောက်ထဲ သွားမယ့် ခရီးမှ  သူတို့လည်း လိုက်မယ်ဆိုပြီး ရောင်ပိုင့်ကို ဆွဲကာ လိုက်လာကြသည်။one နဲ့ 94က "တောင်ကြီးသား"တွေဖြစ်ကြရျ်   မြောက်ပိုင်းဖြစ်တဲ့ သီပေါက သူတို့နဲ့ မဆက်စပ် သို့ပေမယ့် ရောင်ပိုင်ကတော့ ဆက်စပ်သည်။ ရောင်ပိုင်က မြောက်ပိုင်းသားဖြစ်ပြီး သီပေါ ဇာတိဖြစ်ရျ် 
ရောင်ပိုင် ပါမှသာ သူတို့တွေ  မော်ကွန်းတို့ခရီးကို လိုက်လို့ရမည်။ ကိုမော်ကွန်း အိမ် လိုက်ချင်လို့ပါဆိုရင်လည်း    ခေါင်းဆောင်ရဲ့ "မင်းတို့ ဘာလိုက်လုပ်မှာလဲ" ဆိုသည့် စကားက ရှိနေမည်မို့
one နှင့်  94 ရောင်ပိုင့်ကို အသုံးချလိုက်ခြင်း ဖြစ်သည်။ သူဌေး မရှိတုန်းမှာ နှစ်ကိုယ်ထဲတော့ သွားခွင့်မပေးနိုင်ပေ သူတို့လည်း လိုက်ချင်သည်လေ။

ရောင်ပိုင်ကတော့ ကားမှန်ကနေ တစ်ဆင့်မြင်နေရတဲ့ မွေးရပ်မြေရဲ့ အလှတရားကိုသာ ကြည့်ပြီး
ကားခေါ်ဆောင်ရာအတိုင်း လိုက်ပါစီးနင်းလာခဲ့လိုက်တော့သည်။

မျက်ခုံးတွေတွန့်ချိုးကာ ကလေးတစ်ယောက်အလား  နှုတ်ခမ်းတွေ စူထားသည့်  မင်းခန့်ကြောင့် မော်ကွန်း သီပေါ ရောက်ရောက်ချင်းမှာပဲ  မီးဖိုထဲ ဝင်ပြီး  မင်းခန့် အကြိုက်ပြင်ပေးဖို့
ဖန်တီးနေလိုက်သည်။ ခြံထဲမှာ ရှိတဲ့ လိမ္မော်သီးတွေကို ခူးဖို့ကလည်း မမေ့။ သူ့ ကလေးက လိမ္မော်သီး ကြိုက်သည်လေ။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now