အပိုင်း(၁၂)

1.7K 104 2
                                    

ရှေ့မှာမြင်နေရတဲဲ့ နှစ်ထပ်coffee ဆိုင်လေးကို ကြည့်ပြီး မင်းခန့် တစ်ချက် ပြုံးလိုက်မိသည်။ သူ ဒီကို ဘာအတွက် လာခဲ့ရတာလဲ။ ထို coffee ဆိုင်သို့ သူ မဝင်ခင်မှာပဲ  ကားပေါ်မှာကျန်ခဲ့မယ့်  တစ်စုံတစ်ယောက်ကို ပြုံးပြလိုက်ပြီး  မင်းခန့် coffee ဆိုင်သို့ တန်းတန်းမတ်မတ်ကြီး ဝင်သွားလိုက်သည်။

coffee ဆိုင်ထဲသို့  မင်းခန့် ဝင်ဝင်လာချင်းမှာပဲ ထောင့်ကျတဲ့ ခုံမှာ ရှိနေတဲ့ မဟော်ဂနီရောင်
ဆံသားတွေကို ပိုင်ဆိုင်ထားတဲ့တစ်စုံတစ်ယောက်က မင်းခန့်ကို လက်ပြလိုက်ရျ် မင်းခန့်   ထိုလူ ရှိရာဘက်သို့   တန်းတန်းလျှောက်သွားလိုက်ပြီး

"ပြော ဘာကိစ္စနဲ့ ခေါ်တာလဲ--?"

"ထိုင်ပါအုံး မောင်လေးရဲ့  မက --"

"လိုရင်းပြော အဲ့လောက် အားမနေဘူး"

"စိတ်ကြီးပဲ ။ ထိုင်တော့ထိုင်ပါ ။  မတို့ တင်မှ မဟုတ်ပဲ"

ဘေးရှိ စားပွဲဝိုင်းတွေကို မျက်စပြစ်ပြပြီး ပြောလိုက်တဲ့ သူမကြောင့် မင်းခန့်  ခုံကို ဆွဲပြီး ထိုင်လိုက်သည်။

"ဒီလိုမှပေါ့--"
မင်းခန့် ခုံပေါ် ထိုင်လိုက်တာနဲ့ သူမက မင်းခန့်ကို ကြည့်ပြီး ပြောလာပြီးမှ

"ဘာမှာမလဲ --? coffee ပဲလား"

"ဆက်သွယ်ရတဲ့ အကြောင်းပဲပြောပါ"

"မင်းလည်း ပြောင်းလဲသွားပြီပဲ"

"လူပဲ ပြောင်းလဲတာမဆန်းပါဘူး။
မ တောင် ပြောင်းလဲသွားတာပဲ"

မင်းခန့် အရှေ့က သူမကို မဲ့ပြောသာ ပြောလိုက်ပြီး

"coffee တစ်ခွက်လောက်ဆိုရပြီ"

"OK မ မှာပေးမယ်"

သူမ က မင်းခန့် အပြောကို ဝမ်းသာသလို ပုံရိပ်နှင့် waiterကနေ တစ်ဆင့် မှာလိုက်ပြီး

"ဒီကို လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး။ မိတ်ဆွေ  သံယောဇဉ် နည်းနည်းကျန်နေလို့ --"

"ဒါဆို မကို အခုထိ သံယောဇဉ်ရှိသေးတယ်လို့ ပြောလိုက်တာလား--?"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now