အပိုင်း(၅)

2.1K 124 2
                                    

private  ကျောင်းတစ်ခုရှေ့၌  ရှည်လျားလှသည့်  ကားတန်းကြီးတစ်ခုတွင်  မင်းဆက်လည်း ရောက်ရှိနေသည်။ လက်မှာ ပါတ်ထားတဲ့ Rolexနာရီကို တစ်ချက်အကြည့်ပို့မိတော့ လေးနာရီ ထိုးဖို့ မိနစ်ပိုင်းသာ လိုတော့မြည်မို့ မင်းဆက်  ကျောင်းဂိတ်ကိုသာ ကြည့်နေပြီး  ထွက်လာမယ့် သူတွေကို မျှော်နေမိသည်။  ဒီထဲမှာ သူ့ရဲ့ အသည်းညှာလေးတွေလည်း ပါနေတယ်မလား----?။

"တောင်---!"

ကျောင်းခေါင်းလောင်းထိုးပြီးသည့်နောက်မှာတော့  မင်းဆက် ကားထဲမှ ထွက်လိုက်ပြီး
အပေါ်ကုတ်  သုံးထည်ကိုပါ  ကားထဲမှ တစ်ပါထဲ ယူလိုက်ကာ  သူလည်း ကားပေါ်မှ ဆင်းလိုက်သည်။ နက်စွေးနေသည့်  အပေါ်ကုတ်အင်္ကျီကို
လည်း  ဒူးထိရောက်အောင်  ဆန့်လ်ိုက်ပြီး ကျောင်းထဲမှ ထွက်လာမယ့် ကလေးတွေကို စောင့်မျှော်နေလိုက်သည်။ ရှည်လျားနေသည့် အရပ်ကြီးကို ပိုင်ဆိုင်ထားပြီး တွန့်ချိုးနေသည့် မျက်ခုံးနှစ်ခုက သူ့ရဲ့  သွင်ပြင်ကို ထင်းနေစေသည်။ ရှည်သွယ်နေပြီး အကျောစိမ်းစိမ်းလေးတွေ ထနေတဲ့ လက်ချောင်းဖျားလေးတွေကလည်း ကုတ်အင်္ကျီ လက်အောက်ကနေ အဖျားလေးတွေ မြင်နေရသည်။

"ဖေဖေ---! ဖေဖေ့--! "

"လာပြီလား ဖေ့ play boy တွေ ---။  အားလုံး အဆင်ပြေခဲ့ရဲ့လား--?"

"ကျွန်တော်က အဆင်ပြေတယ်။ ကျွန်တော်လည်း ပြေတယ် ဖေ။ မပြေတာ  ညီလေး ဇက်။

"ဘာလို့ သားငယ်က မပြေတာလဲ--?"

မင်းဆက် ပြောလဲပြော  သားသုံးယောက် လုံးကို ကားနောက်ခန်းရှိ ထိုင်ခုံမှာ ထိုင်စေလိုက်ပြီး
သားတို့ ဝတ်ထားသည့်  ကျောင်းဝတ်စုံပေါ်မှ အပေါ်ကုတ်ကိုလည်း ထပ်ဝတ်ခိုင်းလိုက်သည်။
သူကတော့ မည်သူ့ကိုမှ ဂရုမစိုက်ပဲ ကားကို မောင်းထွက်ဖို့သာ ပြင်လိုက်သည်။ သူတို့ သားဖတွေကို ကြည့်နေတဲ့ မျက်လုံးတွေကိုလည်း  ဂရုစိုက်ခြင်း အလျှင်းမရှိပဲ။

"ကျွန်တော့်ရဲ့ ခြေစမ်းပွဲလေ ဖေ---။အဲ့ဒါ ကျွန်တော် ကိုးနှစ်မပြည့်သေးလို့တဲ့  ပါခွင့်မရဘူး--"

"အဟား--! ဒါများ ဇက်ရယ် ။ယောကျာ်း မဟုတ်တဲ့ အတိုင်း နှုတ်ခမ်းကြီး စူထားစရာလား--?။ ဇက် ကိုးနှစ်မပြည့်သေးလို့ အသင်းက ကန်ခွင့်မပေးတာပဲ။ ကိုးနှစ်ပြည့်ရင် ပါပေါ့--"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now