အပိုင်း(၁၁)

1.7K 105 5
                                    

"ခန့် /ဆက် /ဇက်  ဖြေးဖြေးသွား ။ မပြေးနဲ့--!။"

"စောင့်အုံးလေ သားတို့ရဲ့--!"

ရှိန်း အော်နေပေမယ့် ကလေးသုံးယောက်က သူ့ကို လှည့်မကြည့်ပဲ အရှေ့သို့သာ တန်းတန်းပြေးသွားပြီး သူ့ကို လည်း အနောက်သို့ လှည့်ကာ
"ဦးဦး မြန်မြန်လာခဲ့"ဆိုပြီး ခေါ်နေသည်။

ရှိန်းတို့ အခု  လေယာဉ်ကွင်းထဲ ရောက်နေကြတာဖြစ်ပြီး ပြည်ပမှ ပြန်လာမည့် မင်းဆက်တို့အဖွဲ့ကို  လာကြိုကြတာလည်းဖြစ်သည်။

fan stanတွေ ကိုင်ထားတဲ့ လူအုပ်ကြီးအနားမှာ ရှိန်းလည်း ကလေးတွေ သုံးယောက်နှင့်အတူ fan stanကြီး ကိုင်ပြီး  အနိုင်နဲ့ ပြန်လာတဲ့ မင်းဆက်တို့ အဖွဲ့ကို စောင့်နေလိုက်သည်။ ဒီတစ်ခါတော့ သူ့လက်ထဲမှာ fan stanကြီး ပါလာပြီလေ။ ဒီအတွက် ကလေးတွေနှင့်အတူ  သူ ကြိုးစားခဲ့သည်မလား။

"ဟိုးမှာ ထွက်လာကြပြီ--"

"L1 clubက အဖွဲ့တွေ ဟိုးမှာ--! ။
မိုက်တာကွာ Ray Sett ကတော့ ဘယ်အချိန်ကြည်ကြည့် ခန့်နေတာပဲ"

Ray Settဆိုသည့် အသံကြောင့် ရှိန်း နှုတ်ခမ်းသားတွေ တွန့်ချိုးအောင်သာ ပြုံးလိုက်သည်။ သူတို့ မည်သူ့ကို ရည်ညွှန်းနေသည်ဆိုတာ သူလည်း သိသည်လေ။

"ငါ့ရဲ့လူပျိုလေး Gray Khantကလည်း သန့်နေတာပါပဲ"

"အိုး  L1 clubက အဖွဲ့သားတွေ အကုန်အသန့်တွေကြီးနော်။ oneလေးလည်း မဆိုဘူး။ 94ဆိုလည်း အရပ်ကြီးရှည်သလောက်  မျက်နှာလေးကလည်း သွယ်သွယ်လေးနဲ့ ။ အိုး အငယ်ဆုံးလေး ရောင်ပိုင့်ကိုပဲကြည့်  ပြုံးပြုံး ပြုံးပြုံးနဲ့
ချစ်စရာလေးဆိုတာက တအားပဲ"

"ဟဲ့ ဟိုမှာ ငါတို့ကို ဘက်ကို လျှောက်လာတယ်။"

"ဘယ်မှာလဲ--?။ ဘယ်သူလဲ--?"

"L1 clubကသူတွေ ပြီးတော့ Eagleက အဖွဲ့တွေရော"

"ဟယ်ဟုတ်လို့လား---?"

"ဟုတ်ပါတယ်ဆို--"

"ဟယ် တကယ်ကြီးတော့ ငါ့ကိုကြီး Ray Settက. တကယ်ကြီး ငါ့ဘက်ကို လျှောက်လာတာ ။အမလေးလေး  ကြိုက်လိုက်တာနော်"

"ဟဲ့ ရပ်သွားပြီ လက်တွေကို ဆန့်ထုတ်လိုက်တာ"

"ဘယ်သူ့ကို ခေါ်နေတာလဲ---?"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now