Chapter 2

4.8K 495 50
                                    

(Unicode)

တောင်ကိုးရီးယားနိုင်ငံ၏ K လုပ်ငန်းစု နှင့် J လုပ်ငန်းစုတို့သည် စီးပွားပြိုင်ဖက်များဖြစ်ကြသည် ။ ကြီးမားသည့် အထက်လွှာမိသားစုများလည်းဖြစ်တာကြောင့် မာနအလွန်ကြီးပြီး ယှဉ်ပြိုင်ရသည်ကို မနောခွေ့သည် ။ ထို့ပြင် အဓိက မိသားစု၌ ထိပ်တန်းအယ်လ်ဖာမျိုးဆက်များကိုယ်စီရှိတာကြောင့် အင်မတန်ကို ဝံ့ကြွားပြီး ဂုဏ်ယူကြသည် ။

မိဘများ၏ လှုံ့ဆော်ချက်များကြောင့် ဂျောင်ကုနှင့်ထယ်ယောင်းတို့မှာ မမြင်ဖူးခင် ငယ်စဉ်ကတည်းက ယှဉ်ပြိုင်ရန်သာ သင်ယူခဲ့ရပြီး မူလတန်းတက်သည့်အချိန်မှစ၍ အရာရာတိုင်းတွင် သူ့ထက်ငါသာအောင် ယှဉ်ပြိုင်ကြလေသည် ။ ၎င်းအချက်ကြောင့်သာ ဂျောင်ကုနှင့်ထယ်ယောင်းတို့မှာ ဆန့်ကျင်ဖက်ဆန်သည့် ယှဉ်ပြိုင်ဖက်များဖြစ်လာပြီး တစ်ဦးကိုတစ်ဦး ရန်ဆောင်လာခဲ့ကြသည်မှာ အထက်တန်းနောက်ဆုံးနှစ်သို့ရောက်သည်အထိပင် ။

ဂျောင်ကုက အားကစားတွင် ထူးချွန်ပြီး ထယ်ယောင်းက ကျောင်းစာတွင် ဂျောင်ကုထက်အားသာသည်။ သို့သော် နှစ်ယောက်ကတော့ အလျှော့မပေးဘဲ ယှဉ်ပြိုင်ဆဲ ။ ယှဉ်ပြိုင်မှုအားကောင်းလွန်းပြီး ပညာရေးတွင်ထူးချွန်သော်လည်း ထိုနှစ်ယောက်နှင့်ရန်ပွဲ ခွဲထားလို့မရသည့်အပြင် မာနကြီးကာ အထက်စီးဆန်သည့်ပုံစံကြောင့် ကျောင်းလူဆိုးတွေလည်းဖြစ်‌နေပြန်သည် ။ ပြောရလျှင် သူတို့နှစ်ယောက်က စာတော် ၊ ရုပ်ချော ၊ အင်အားကြီးသည့် စံပြ ကျောင်းလူဆိုး ပင်ဖြစ်လေသည် ။

---------------------------

ရှင်းဟွာအထက်တန်းကျောင်း၏ အမျိုးသားအိပ်ဆောင်သည် ခုနစ်လွှာမျှရှိသည် ။ အိပ်ဆောင်တစ်ခန်းတွင် ကျောင်းသားနှစ်ဦး နေရပြီး အခန်းဖော်များဖြစ်ကြရသည် ။ ပြဿနာများအားကြိုတင်ကာကွယ်သည့်အနေဖြင့် အခန်းဖော်များအား AA , AB , BB ,BO , OO များကိုသာ ထားပေးသည် ။
(A = alpha , B = beta , O = omega )

သို့သော် ကျောင်းလူဆိုးနှစ်ယောက်ကိုတော့ သုံးလွှာတွင် တစ်ယောက်တစ်ခန်းစီထားပေးရသည် ။ လူတိုင်းက သူတို့နှင့်မနေချင်သလို သူတို့ကလည်း အဆက်အဆံမပြုချင်တာကြောင့် ထိုကဲ့သို့ပင် တစ်ယောက်တစ်ခန်းရသည် ။ သို့သော် သူတို့နှစ်ယောက်၏ အခန်းကား မျက်နှာချင်းဆိုင် ။ အမြဲတစေမဟုတ်လျှင်တောင် မကြာခဏတော့ ထိုအခန်းနှစ်ခန်းမှ ခနဲ့သံများအား ဘေးခန်းများကကြားရလေ့ရှိသည် ။ ကြာလာတော့လဲ ၎င်းက အလေ့အထတစ်ခုလိုပင်ဖြစ်သွားကာ ဂျောင်ကုနှင့်ထယ်ယောင်းတို့၏ ခနဲ့သံများမကြားရ မနေနိုင်ပင် ဖြစ်လာကြသည် ။

Compatible Pheromones |TK|✓Where stories live. Discover now