Chapter 31

2.5K 329 25
                                    

(Unicode)

တော်ရုံကျောင်းဖိုရမ်ဝင်မကြည့်တတ်သည့် နှစ်ယောက်သည် နည်းလမ်းကျကျပင် ဖိုရမ်ပေါ်တွင် ဖြစ်ပျက်နေသည်များကို မသိခဲ့ကြပေ ။ သို့သော် ထိုသို့ကျောင်းဖိုရမ် ဝင်မကြည့်လျှင်တောင် အတန်းဖော်များ၏ပြောင်းလဲနေသည့် အကြည့်များကြောင့် သူတို့နှစ်ဦးသည် အများ၏အတင်းပြောစရာ ကိစ္စသဖွယ်ဖြစ်နေမှန်းရိပ်မိသည် ။ ၎င်းက ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်တာကြောင့် ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်စွာဖြင့်သာတုံ့ပြန်သည် ။

ဟီယူသည် ရှေ့ဆုံးမှနေ၍ နောက်ဆုံးခုံတွင် ပူးကပ်နေသည့် နှစ်ယောက်အားကြည့်ကာ သက်ပြင်းချလိုက်သည် ။

“ ဘာဖြစ်တာလဲ ? ”

ဟီယူကသက်ပြင်းချည်းချနေတာကြောင့် ဘေးတွင်ထိုင်နေသည့် ဟီဂျင်ကမနေနိုင်စွာမေးလာသည် ။

“ ဟီဂျင်ရေ...နင်သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး တစ်ခုခုမခံစားမိဘူးလား ? ”

ဟီဂျင်လည်း ဟီယူနည်းတူ နောက်ဆုံးကနှစ်ယောက်ကို လှမ်းကြည့်လိုက်သည် ။

“ သူတို့နှစ်ယောက်ကြား ဘာဖြစ်သွားလဲမသိပေမဲ့ အရင်ကနဲ့လုံးဝကိုမတူတော့ဘူး...ရုတ်တရက် နီးကပ်သွားတာက အံ့ဩဖွယ်ပဲ ”

“ အခုချိန်မှာတော့ သူတို့က ပြိုင်ဖက်ကနေသူငယ်ချင်းဖြစ်သွားပါတယ်ဆိုပေမဲ့...ငါ့ရဲ့အမျိုးသမီးဆဌမအာရုံကနေပြီး အခြားတစ်ခုကိုခံစားမိနေတယ် ”

“ အမ်း...နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မယ်မသိဘူး ”

ဟီယူက ဟီဂျင်ကိုကြည့်လာတာကြောင့် ဟီဂျင်ကလည်း ပြန်ကြည့်လာသည် ။

“ ဟီဂျင်...ငါတော့တော်တော်ကို စိတ်လှုပ်ရှားနေမိပြီ...သူတို့နှစ်ယောက်က အချင်းချင်းစိတ်ဝင်စားနေကြတာသေချာတယ်...နင်ပဲပြောဖူးတယ်မလား သူတို့က ငယ်ငယ်ကတည်းကတစ်ယောက်အကြောင်းတစ်ယောက်သိပြီး ပြိုင်ဆိုင်လာကြတယ်ဆိုတာ...ဒါကပဲ နှစ်ပေါင်းများစွာကြာလာတဲ့အခါ သူတို့ရဲ့ခံစားချက်တွေကို တစ်မျိုးတစ်ဖုံပြောင်းလာစေတာဖြစ်မယ်...သူတို့ကိုယ်တိုင် နားမလည်ကြသေးပေမဲ့ပေါ့ ”

Compatible Pheromones |TK|✓Where stories live. Discover now