(Unicode)
နေ့ရက်တို့သည် လျှင်မြန်စွာကုန်ဆုံးသွားပြီးနောက် ဆောင်းရာသီအားကစားပွဲသို့ရောက်လာသည် ။ ထိုနေ့တွင် ရှင်းဟွာကျောင်းတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားနေပြီး အားပေးသံတစ်ညံညံတို့ကလည်းထွက်ပေါ်နေသည် ။
အပြေးအားကစားဝတ်စုံကိုဝတ်ထားသည့် ဂျောင်ကုသည် အင်္ကျီပေါ်တွင် နံပါတ်စာရွက်ကိုကပ်ထားပြီး ခုံတန်းရှည်ပေါ်တွင်ထိုင်နေသည် ။
“ မင်းအကြောတွေလျှော့ထားသင့်တယ် ဂျောင်ကု ”
ထယ်ယောင်းက ရေသန့်ဗူးကဒ်ကိုဘေးခုံတွင်ချလိုက်ရင်း ဂျောင်ကုကိုပြောလိုက်သည် ။
“ အင်း...မင်းငါ့ကိုအားပေးနေမှာမလား ? ”
“ သေချာတာပေါ့...မင်းကငါတို့အတန်းရဲ့ကိုယ်စားပြုဝင်ပြိုင်တာပဲလေ ”
ထယ်ယောင်းက ဂျောင်ကုဘေးတွင်ထိုင်လိုက်သည် ။ ပြီးနောက် ရေသန့်ဗူးကဒ်ဆီမှ ရေသန့်တစ်ဗူးကိုယူလိုက်ကာ ဂျောင်ကုကိုပြလိုက်ပြီး
“ ငါကအားပေးနေရုံတင်မကဘူး...မင်းအတွက် ရေပါအဆင်သင့်ကိုင်ထားပေးမှာ ”
ဂျောင်ကုစိတ်ထဲတွင် ကြိတ်ပျော်သွားတာကြောင့် မနေနိုင်စွာပင် ပြုံးမိသည် ။ ထယ်ယောင်းကလည်း ဂျောင်ကုနည်းတူပြုံးလိုက်ကာ ဂျောင်ကုကို အကြောသွားလျှော့ထားရန်ပြောတော့သည် ။
“ မင်းသွားသင့်ပြီ...ခဏနေ မင်းတို့အပြေးပြိုင်မဲ့သူတွေအလှည့်ရောက်တော့မှာ ”
“ ဟုတ်ပါပြီ...ဒါပေမဲ့ ငါမသွားခင် ငါ့ကိုအားပေးတာတစ်ခုခုမလုပ်ချင်ဘူးလား ? ”
“ အမ်...ငါကဘာလုပ်ရမှာလဲ ? ”
“ ဥပမာ...ငါ့ကိုစိတ်လှုပ်ရှာစေမဲ့ အပြုအမူလေးတစ်ခုပေါ့ ”
“ စိတ်လှုပ်ရှားစေမဲ့အပြုအမူ ? ”
“ အင်း...မင်းသာငါ့ကိုစိတ်လှုပ်ရှားစေမယ်ဆိုရင် ငါဒီပြိုင်ပွဲမှာ အနိုင်ရမဲ့ပုံပဲ ”
ထယ်ယောင်း တစ်ချက်စဉ်းစားလိုက်ပြီးနောက် ပြုံးလိုက်ကာ
“ ဒါဆို...ငါမင်းကို heart sign လေးလုပ်ပြမယ်ဆိုရင်ရော ”
YOU ARE READING
Compatible Pheromones |TK|✓
Fanfictionမုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလည်း ဦးတည်ရာမရှိ... သေချာပါသည် ငါလည်းမင်းကိုချစ်နေပြီ... Start - Dec 14 , 2021 End - Oct 14 , 2022 #pic from pin #crd to owner