Chapter 45 (Final)

4.1K 322 60
                                    

(Unicode)

ဂျောင်ကုအခြေအနေငြိမ်သည်အထိ စောင့်ကြည့်ပြီးနောက် နှစ်ရက်အကြာ၌ ဆေးရုံဆင်းခွင့်ရသည် ။ စနေနေ့ရောက်သွားပြီဖြစ်တာကြောင့် ထယ်ယောင်းကတော့ တစ်ပတ်လုံးကျောင်းပျက်လိုက်ရသည် ။

ဂျောင်ကုဆေးရုံဆင်းပြီးနောက်တွင် ပါပါးဂျွန်က ဂျောင်ကုကို အိမ်ပြန်ခေါ်သွားသည် ။ ထို့ကြောင့် ထယ်ယောင်းလည်း မာမားကင်မ်နှင့်အတူ အိမ်ပြန်လာသည် ။ မာမားကင်မ်က ဂျောင်ကု၏မတော်တဆသတင်းကိုကြားပြီး ပဲရစ်မှ အလျင်အမြန်ပြန်လာခဲ့ခြင်းဖြစ်သည် ။

ထယ်ယောင်းအိမ်ပြန်ရောက်တော့ ဟီဂျင်ကဧည့်ခန်းထဲတွင် သူ့အားထိုင်စောင့်နေသည် ။ မာမားကင်မ်ကတော့ ပင်ပန်းနေငည်ထင်၏ ။ ဟီဂျင်ကိုနှုတ်ဆက်ပြီးသည်နှင့် အခန်းထဲပြန်သွားသည် ။

“ ဒီတစ်ပတ်အတွက် စာတွေအကုန်လုံးကူးထားပေးပြီးပြီ ”

ဟီဂျင်က ဆိုသည် ။

“ အင်း...ကျေးဇူးပါ ”

ထယ်ယောင်းက ဟီဂျင်ရှေ့တွင် အားလျော့စွာဖြင့် ထိုင်ချလိုက်သည် ။

“ တစ်ခုခုဖြစ်လို့လား ? ”

ထယ်ယောင်းက ခေါင်းခါလိုက်ပြီး

“ နည်းနည်းပင်ပန်းလို့ပါ ”

“ ဒါဆိုလည်း အနားယူတော့ ငါသွားတော့မယ် ”

“ အမ်း...ဖြည်းဖြည်းသွား ”

ဟီဂျင်ထွက်သွားသည်နှင့် ထယ်ယောင်းက ဒုတ်ယထပ်သို့တက်လိုက်ပြီး ကိုယ်ပိုင်အခန်းထဲသို့ဝင်လိုက်သည် ။ အခန်းလေးက သူမရှိသည့်အချိန်အတိုင်းကဲ့သို့ သပ်ရပ်စွာပင် ။ သူ၏ခေါင်းရင်းတွင်တော့ မူကြိုအရွယ်တုန်းက သူနှင့်ဂျောင်ကုတို့တွဲရိုက်ထားသည့် ပုံလေးရှိနေသည် ။

နံရံပေါ်တွင် ချိတ်ထားသည့် ၎င်းပုံလေးကို ထယ်ယောင်းဖြုတ်လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်၍ ကြည့်လိုက်သည် ။ ဓာတ်ပုံထဲတွင် လင်ဗန်းတစ်ချပ်ကိုင်ထားသည့် ထယ်ယောင်းက ရယ်မောနေပြီး ပန်းကန်ပြားလေးကိုင်ထားသည့် ဂျောင်ကုကတော့ ဆူပုပ်နေသည် ။ ကလေးအရွယ်လေးတွေဖြစ်တာကြောင့် ဆူပုပ်ဆုပ်ဖြစ်နေသည့် ဂျောင်ကုမျက်နှာလေးက ရယ်စရာကောင်းနေသည် ။

Compatible Pheromones |TK|✓Where stories live. Discover now