Chapter 18

3.1K 355 65
                                    

(Unicode)

ထယ်ယောင်းသည် ဂျောင်ကုနှင့်အတူ‌ ကျောင်းလစ်ရန်ဆုံးဖြတ်လိုက်ပြီးနောက်တွင် ဂျောင်ကုနောက်သို့လိုက်လာခဲ့သည် ။ ယခုသူတို့ရောက်နေသည်က ရှုပ်ထွေးလှသည့် လမ်းကြိုလမ်းကြားတွင်ဖြစ်တာကြောင့် အပြင်သို့ပြန်ထွက်နိုင်ရန် အတော်လေးကြိုးပမ်းလိုက်ရသည် ။

“ ငါတို့ခဏလောက် နားရအောင်...ပြေးရလွန်းလို့ တအားကိုပင်ပန်းနေပြီ ”

လမ်းကြားတွေထဲမှ ထွက်လာပြီးစတွင် ဂျောင်ကုကထယ်ယောင်းအား ပြောလိုက်သည် ။ ထယ်ယောင်းကလည်း ဂျောင်ကုနှင့်ပြိုင်ပြောဖို့‌အတော်လေးကိုပျင်းနေတာကြောင့် ခေါင်းငြိမ့်၍သာလက်ခံလိုက်သည် ။ ထို့နောက် နှစ်ဦးစလုံးသည် အနားယူရန်အတွက် အနီးဆုံးတွင်ရှိနေသည့် ပန်းခြံထဲသို့သွားလိုက်ကြသည် ။

တနင်္လာနေ့ဖြစ်တာကြောင့် ပန်းခြံသို့လာရောက်လည်ပတ်သူတို့က အတော်လေးကိုနည်းပါးသည် ။ ထို့ကြောင့် ထယ်ယောင်းနှင့် ဂျောင်ကုတို့လည်း သစ်ပင်ရိပ်ရသည့်နေရာအားရှာ၍ မြင်ခင်းပြင်ပေါ်တွင် ထိုင်လိုက်ကြသည် ။ နေသာသည့်နေ့လေးဖြစ်တာကြောင့် လွန်စွာပြေးထားရသည့် ဂျောင်ကု၏ကျောကုန်းတစ်လျှောက်သည် ချွေးများဖြင့်စိုရွှဲလို့နေပြီဖြစ်သည် ။

ပန်းခြံအတွင်း၌လာရောက်လည်ပတ်သူနည်းတာကြောင့် အချို့နေရာတွင် မြက်ခင်းပြင်အားရေဖြန်းရန် ရေပန်းတစ်ချို့ကိုဖွင့်ထားသည် ။ ၎င်းရေပန်းမှလာသည့် ရေစက်မှုန်မွှားလေး‌တို့ကြောင့် ပန်းခြံဝန်းကျင်သည်အနည်းငယ်အေးမြလို့နေသည် ။

နေသာထိုင်သာရှိလွန်းတာကြောင့် ဂျောင်ကုသည် သစ်ပင်အောက်တွင်ရှိသည့်မြက်ခင်းပြင်၌ လက်နှစ်ဖက်ကိုခေါင်းအနောက်တွင်ထားကာ လှဲချလိုက်ပြန်သည် ။ ထယ်ယောင်းက‌တော့ ဂျောင်ကုအားတစ်ချက်ကြည့်လိုက်၍ လက်နှစ်ဖက်အားနောက်သို့ထောက်လိုက်ပြီး သက်တောင်သက်သာထိုင်နေလိုက်သည် ။ ထိုကဲ့သို့ထိုင်နေကြပြီးနောက်တွင် နှစ်ယောက်သားသည် အတန်ကြာသည်အထိစကားမပြောကြပဲ ကောင်းကင်ပြာကြီးရှိ တိမ်များပြောင်းလဲသွားပုံကို မပျင်းမရိကြည့်နေကြသည် ။

Compatible Pheromones |TK|✓Where stories live. Discover now