Extra -2

509 35 1
                                    

ထိုင်နေကျ ကော်ဖီဆိုင်လေးအတွင်း၌ သောက်နေကျကော်ဖီတစ်ခွက်ကို ရှေ့ချကာအတွေးတို့အား အတိုင်းဆမရှိနယ်ချဲ့နေမိသည် ။ အထက်တန်းပြီးမြောက်သည့်နေ့က တွေ့လိုက်ရသည့် ဟီယူ၏မိတ်ဖက်ဆိုသူမျက်နှာကို ဟီဂျင်အခုထိမမေ့နိုင်သေး ။ နာမည်မတူညီသော်လည်း ခွဲမရအောင်ချွတ်စွပ်တူနေသည့်မျက်နှာက မပြောမဆိုနှင့်ပျောက်ကွယ်သွားသော သူမ၏ချစ်ရသူကိုပို၍လွမ်းဆွတ်လာစေသည် ။

ဦးတည်ရာမဲ့နေသည့် အတွေးတိမ်တိုက်တို့က အတိတ်ကအကြောင်းရာများဆီ၌သာ တဝဲလည်လည်နှင့် ။ မတော်တဆမှုအပြီး၌ လုံးဝပျောက်ဆုံးသည့် ယွမ်လိကောင်းက ယခုတိုင်ပုန်းကွယ်နေဆဲပင် ။ မကြာလိုက်ပါ ဆိုင်ထဲသို့ ယွမ်လိကောင်းနှင့်အလွန်ဆင်တူသည့် ဟီယူ၏မိတ်ဖက်ဖြစ်သူ ယွန်းဟာယောင်းဆိုသူဝင်လာသည် ။

မနှေးမမြန်နှင့်လျှောက်လာသည့် သူမခြေလှမ်းတို့က အဝေးကြီးမလျှောက်လိုက်ရပဲ ဟီဂျင်၏နံဘေးသို့ရောက်လာသည် ။ ထို့နောက် ဟီဂျင်၏ရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည် ။ ယနေ့က ယွန်းဟာယောင်းဘက်မှ ဟီဂျင်အားပြောစရာရှိသည်ဟုဆိုကာ ချိန်းဆိုထားခြင်းပင် ။

“ အလုပ်လေးနည်းနည်းရှိနေလို့နောက်ကျသွားတယ်...အကြာကြီးစောင့်လိုက်ရလား ”

ယွန်းဟာယောင်းဘက်မှဦးစွာစကားစလာသည် ။ ဟီဂျင်က ခေါင်းအသာခါလိုက်ကာ

“ ညီမလည်းရောက်တာမကြာသေးပါဘူး ”

ထို့နောက် နှစ်ဦးသားကြားခေတ္တတိတ်ဆိတ်သွားသည် ။

“ ပြောစရာရှိတယ်ဆိုတာ ဘာများလဲ ”

ဟီဂျင်က စကားပြန်စသည် ။ ဟာယောင်းကတော့ တိတ်ဆိတ်နေဆဲ ။ ဝိတ်တာမှ ရေတစ်ဖန်ခွက်လာချပြီးမှသာ ဟာယောင်းက သက်ပြင်းအသာချလိုက်ပြီး စကားဆိုသည် ။

“ ယွမ်လိရန်...”

ယွမ်လိကောင်းဟူသည့်နာမည်ကိုကြားသည်နှင့် ကော်ဖီခွက်ကိုင်ထားသည့် လက်တို့ကတင်းကြပ်သွားသည် ။

“ ယွမ်လိရန်က အစ်မရဲ့အမြွှာအစ်မပဲ...သူရဲ့နောက်ထပ်နာမည်က ယွန်းဝူယောင်း ”

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Apr 27 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

Compatible Pheromones |TK|✓Unde poveștirile trăiesc. Descoperă acum