Chapter 5

3.9K 427 51
                                    

(Unicode)

မနက်ပိုင်းစာသင်ချိန်ပြီး၍ နေ့လည်ထမင်းစားချိန်သို့ရောက်သောအခါ အတန်းA မှကျောင်းသူကျောင်းသားများသည် အတန်းထဲမှပြေးထွက်သွားကြသည် ။ အချိန်နောက်ကျသွားလျှင် ကန်တင်းမှ ဟင်းကောင်းများကုန်သွားမည်ကို သူတို့စိုးရိမ်သည်လေ ။ ၎င်းက နေ့လည်တိုင်း ရှင်းဟွာကျောင်း၏ ကန်တင်းတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အမူအကျင့်တစ်ခုဖြစ်သည် ။

ထယ်ယောင်းက အရင်တုန်းက တစ်ရက်သုံးနပ်အပြင်ခိုးထွက်စားနေကျဆိုပေမဲ့ ဒီနေ့ကတော့ ပိုက်ဆံပါမလာတာကြောင့် ကျောင်းကန်တင်း၌သာ နေ့လည်စာစားရန် တွေးလိုက်သည် ။ ထို့ကြောင့်သူလည်း ကန်တင်းကိုပြေးမသွားပေမဲ့ ခပ်သွက်သွက်လေးတော့ လမ်းလျှောက်သွားလိုက်သည် ။ ဝက်နံရိုးနှပ်ကို သေလောက်အောင်စားချင်နေသည်မို့ နောက်ကျသွားလို့မဖြစ်ပါ ။

ထယ်ယောင်း ကန်တင်းသို့ရောက်သွားချိန်တွင် များလွန်းလှသည့် ကျောင်းသူကျောင်းသားများအားတွေ့လိုက်ရသည် ။ ထို့ကြောင့် အလျင်အမြန်ပင် အကန့်ငါးခုပါသော ထမင်းပန်းကန်အားယူ၍ ထမင်းဟင်းများယူရန် အတန်းသွားစီလိုက်သည် ။ ရှင်းဟွာတစ်ကျောင်းလုံးက ထယ်ယောင်းအား ကျောင်းလူဆိုးဖြစ်ကြောင်းသိသည်မို့ ထယ်ယောင်းအတန်းလာစီသောအခါတွင် သူတို့ခန္ဓာကိုယ်အား အသေးငယ်ဆုံးဖြစ်အောင်ကြုံ့ထားလိုက်ကြသည် ။ အချို့ဆိုလျှင်ထယ်ယောင်းအား သူတို့နေရာမှပင်ဖယ်ပေးလိုက်ကြသောကြောင့် ထယ်ယောင်းမှာ အရှေ့သို့ပင်မြန်မြန်ရောက်လာသည်။

ထမင်းဟင်းယူဖို့ရန်အတွက် စုစုပေါင်းအတန်းခြောက်တန်းရှိသည်မို့ လူအရေအတွက်များသော်လည်း အလျင်အမြန်ပင် ပြီးစီးနိုင်သည် ။ မကြာမီထယ်ယောင်းအလှည့်သို့ရောက်လာသောအခါတွင် အလျင်အမြန်ပင် သူစားချင်နေသည့်ဟင်းအား ပြောလိုက်သည် ။

" ဝက်နံရိုးနှပ်ထည့်ပေးပါ "
" ဝက်နံရိုးနှပ်ထည့်ပေးပါ "

ထယ်ယောင်းနှင့်ပြိုင်တူ ထွက်ပေါ်လာသည့်အသံကြောင့် ဟင်းထည့်ပေးမည့်အဒေါ်ကြီးလက်မှာ တန့်သွားသည် ။ အဘယ်ကြောင့်ဆိုသော် ရှင်းဟွာအထက်တန်းကျောင်း၏ ဝက်နံရိုးနှပ်မှာ အတော်လေးကိုနာမည်ကြီးသည် ။ ထို့ကြောင့် အနှီဟင်းချက်သည့်နေ့များတွင် ကျောင်းသားများသည် ထိုဟင်းကိုစားရရန်အလုအယက်တိုးဝှေ့ကြသည် ။

Compatible Pheromones |TK|✓Where stories live. Discover now