Chapter 12

3.5K 401 26
                                    

(Unicode)

အချိန်နှင့်နေ့ရက်တို့သည့် တစ်ရက်ပြီးတစ်ရက်လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး လကုန်ရက်သို့ရောက်လာခဲ့သည် ။ ဩဂုတ်လ သုံးဆယ့်တစ်ရက်နေ့သည် ထယ်ယောင်းနှင့်ဂျောင်ကုတို့ သင်္ချာအိုလံပစ်ဖြေရမည့်နေ့ရက်ဖြစ်သည် ။ စာမေးပွဲဖြေရမည့်နေရာက မြို့တော်ခန်းမတွင်ဖြစ်ပြီး ကျောင်းပေါင်းစုံပါဝင်မည်ဖြစ်သည် ။ ထိုနေ့က ရှင်းဟွာကျောင်းသည် သူတို့နှစ်ဦးအတွက် မြို့တော်ခန်းမသို့သွားရန် သီးသန့်ကားစီစဉ်ပေးထားခဲ့သည် ။ ရှင်းဟွာအထက်တန်းကျောင်းက အဆင့်မြင့်ကျောင်းတစ်ခုဖြစ်တာကြောင့် ကျောင်းပုံရိပ်နှင့်ကိုက်ညီအောင်ပင် စီစဉ်ပေးထားသည့် ကားမှာ Class C ထက်တော့မနိမ့်ပေ ။

စာမေးပွဲဖြေဆိုရန်သို့သွားသည့်အချိန်တွင် ဗလကြီးယူက ကိုယ်တိုင်လိုက်ပို့သည်ဖြစ်တာကြောင့် သူတို့နှစ်ဦးသည် မြို့တော်ခန်းမသို့ ရန်တစ်ချက်ပင်မဖြစ်ဘဲ ချော့မွေ့စွာရောက်ရှိသွားသည် ။ ဒါက ဗလကြီးယူအား ကြောက်၍လည်းဖြစ်နိုင်သလို အိုလံပစ်စာမေးပွဲတွင် သူ့ထက်ငါအပြိုင်အမှတ်များရန် တေးထားခြင်းကြောင့်လည်းဖြစ်နိုင်သည် ။ သေချာသည်ကတော့ မြို့တော်ခန်းမအား သူတို့ကောင်းကောင်းမွန်မွန်ရောက်ရှိသွားကြသည်ပင် ။

မြို့တော်ခန်းမသည် ရှင်းဟွာအထက်တန်းကျောင်းနှင့် အနည်းငယ်အလှမ်းဝေးပြီး လေးဆယ့်ငါးမိနစ်ခန့် ကားစီးရသည် ။ သူတို့ရောက်သွားသည့်အချိန်တွင် စာမေးပွဲစဖို့ပင်သိပ်မလိုတော့ ။ သို့သော် ယုံကြည်ချက်ရှိနေပြီးသားဖြစ်တာကြောင့် နှစ်ဦးစလုံးမှာ တည်တည်ငြိမ်ငြိမ်နှင့်ပင် စာမေးပွဲခန်းထဲသို့ဝင်သွားလိုက်သည် ။

ခေါင်းလောင်းတီး၍ စာမေးပွဲစသည့်အခါတွင် ခန်းမတစ်ခုလုံးသည် စာရွက်ပေါ်တွင် ဘောပင်ရေးခြစ်သံနှင့် တစ်ခါတစ်ရံစာရွက်လှန်သည့်အသံတို့ကိုသာကြားရတော့သည် ။ လေထုသည် တည်ငြိမ်လျက်ရှိပြီး စားမေးပွဲဖြေသည့်ကျောင်းသားတို့သည် မေးခွန်းလွှာအား အာရုံစိုက်၍ ဖြေဆိုနေကြသည် ။

သုံးနာရီကြာဖြေဆိုရမည့် စာမေးပွဲမေးခွန်းလွှာအား နှစ်နာရီခွဲအတွင်း ပြီးဆုံးအောင်ဖြေဆိုလိုက်ပြီးနောက်တွင် ဂျောင်ကုသည် လက်ထဲမှ ဘောပင်အားချလိုက်ကာ ညောင်းညာနေသည့် လက်ဆစ်တို့အား အသံမြည်အောင်ချိုးလိုက်သည် ။ ထို့နောက် သူ၏ရှေ့မျက်စောင်းထိုးတွင်ထိုင်နေသည့် ထယ်ယောင်းအားကြည့်လိုက်တော့ ခုံပေါ်တွင် မျက်နှာအပ်ကာ အိပ်နေချေပြီ ။

Compatible Pheromones |TK|✓Where stories live. Discover now