Chapter 24

3K 356 26
                                    

(Unicode)

“ ငါမင်းကို နေ့လည်ကျရင် ဘာဘယ်တီးဝယ်တိုက်မယ် ”

ထယ်ယောင်း၏အသံသည် လူမရှိသည့်စာသင်ခန်းအတွင်း ပဲ့တင်ထပ်သွား၏ ။ အနှီစကားကြောင့် အမှိုက်ပစ်ကာပြန်လာသည့် ဂျောင်ကုသည်ပြုံးလိုက်၍ ထယ်ယောင်း၏ဆံပင်ဆီမှ ကပ်တွယ်နေသည့် ချည်စလေးအားဖယ်ပေးလိုက်သည် ။

“ အင်း...ဒါပေမဲ့ ငါက Ice Mocha ကိုပိုပြီးသောက်ချင်တာ ”

“ Ice Mocha ? ”

ထယ်ယောင်းသည် ဂျောင်ကုတစ်ယောက် ချောကလက်တောင့်အား အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်ပုံအား ပြန်မြင်ယောင်သွားမိသည် ။

“ မင်းပြောတော့ ချောကလက်မကြိုက်ဘူးဆို ”

“ အင်းလေ...မကြိုက်ဘူး ဒါပေမဲ့ချောကလက်ကိုဝောာ့မဟုတ်ဘူး...ပေးတဲ့သူက ဘယ်သူမှန်းမသိလို့ကိုမကြိုက်တာ ”

ထယ်ယောင်း ဂျောင်ကုအား မချိပြုံးလေးသာပြုံးပြလိုက်သည် ။

“ မင်းက တကယ်ကို လူ့ဂွစာပဲ ”

“ အဲ့ဒီဝောာ့ ဘာဖြစ်လဲ...အနည်းဆုံးတော့ ငါပြန်မကြိုက်နဲ့တဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်ပေးရာမရောက်တော့ဘူးပေါ့ ”

“ ဘယ်သူပေးမှန်းမသိသေးတာတောင်...သူက မင်းပြန်မကြိုက်တဲ့သူမှန်း ဘယ်လိုလုပ်သိလဲ ? ”

ဂျောင်ကု ကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်ကာ ထယ်ယောင်းအား စိုက်ကြည့်၍ ပြောလိုက်သည် ။

“ ဒီတိုင်း ဆဌမအာရုံပေါ့ ”

လေပြေညင်းလေးက ဂျောင်ကုထိုင်နေသည့် နံဘေးပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝေ့ကာတိုက်ခတ်သွား၏ ။ တဖြတ်ဖြတ်လှုပ်ခတ်နေသည့် စာရွက်သံတို့က ထယ်ယောင်းဖွင့်ထားသည့် အင်္ဂလိပ်မေးခွန်းစာအုပ်မှထွက်ပေါ်လာသည့်တိုင် နှစ်ဦးစလုံးအကြည့်မလွှဲမိကြ ။ ထူးခြားဆန်းပြားသည့် အတွေးတို့မရှိစွာပင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည် ။

“ နင်တို့နှစ်ယောက်ဘာလုပ်နေကြလဲ ? ”

ငေးမောကာပျံ့လွှင့်နေသည့် အတွေးလေထုကြား ဟီယူ၏အသံကြားမှသာ နှစ်ယောက်သား ချောင်းဟန့်၍အကြည့်လွှဲလိုက်ကြသည် ။

Compatible Pheromones |TK|✓Where stories live. Discover now