Chapter 40

2.5K 305 42
                                    

(Unicode)

ဆင်တူဆွယ်တာအင်္ကျီကို‌ ပြောင်းလဲဝတ်ဆင်ပြီးနောက်တွင် ထယ်ယောင်းနှင့်ဂျောင်ကုတို့ အင်္ကျီဆိုင်မှထွက်လာကြသည် ။ သေသပ်၍ကြောမော့လှသည့် ဝတ်စားဆင်ယင်မှုပုံစံအပြင် ဆွဲဆောင်မှု‌အားကောင်းလှသည့် ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားကြသည့် ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် ဆိုင်ထဲမှထွက်လာသည်နှင့် လမ်းမပေါ်တွင်သွားလာနေသည့် လူအများအပြား၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည် ။

ဂျောင်ကုက ၎င်းအကြည့်တို့အောက်မှာပင် ထယ်ယောင်း၏လက်ကိုဆုပ်ကိုင်လိုက်ပြီး တစ်ဖက်က သူတို့ဝတ်လာသည့် အင်္ကျီထူများထည့်ထားသည့်အိတ်ကိုကိုင်ကာ ပြုံးလိုက်သည် ။

“ သွားကြမလား ? ”

“ အင်း ”

ထယ်ယောင်းက ခေါင်းညိတ်ပြသည် ။ ထိုနေ့က သူတို့နှစ်ဦး၏ ဘဝမှာပထမဆုံးသော date ဖြစ်သည် ။ ထိုနေ့တွင် ရည်းစားထားခြင်းအတွေ့အကြုံမရှိသေးသည့်နှစ်ယောက်သည် ဘေးပတ်ဝန်းကျင် သို့မဟုတ် အွန်လိုင်းပေါ်မှ ချစ်သူရည်းစားများပြလုပ်တတ်သည့် အပြုအမူတော်တော်များများကိုပြုလုပ်ခဲ့ကြသည် ။

လူကြားထဲတွင်လက်ကိုင်ကြသည် ။ ‌ချစ်စရာအကောင် ဘီးကုပ်လေးများကိုတပ်၍ ကစားကွင်းတစ်ခုလုံးကိုလည်း သူတို့လည်ပတ်ခဲ့ကြသည် ။ ချားရဟတ် ၊ ရိုလာကိုစတာတို့စီးလျှင်တောင် သူတို့လက်တွဲမဖြုတ်ခဲ့ကြ ။ ထို့ပြင် ကစားကွင်းလမ်းတစ်လျှောက်တွင်ရှိသည့် ကိုယ်တိုင်ရိုက်ဓါတ်ပုံဆိုင်တွင်လည်း ဓါတ်ပုံများရိုက်ယူခဲ့ကြသည် ။

တစ်နေကုန်နီးပါးလည်ပတ်ပြီးနောက်တွင် နှစ်ယောက်စလုံးသဘောကျသည့် စာကြည့်တိုက်သို့သွား၍အချိန်ဖြုန်းခဲ့ကြသည် ။

စာကြည့်တိုက်တွင်လည်း နှစ်ဦးသားကြားက လေထုလေးသည် နွေးထွေးလျက်ပင် ။ ဖတ်ချင်သည့်စာအုပ်ကိုရွေးယူကြမည် ။ ပြီးလျှင် ဘေးချင်းကပ်ထိုင်၍ လက်သန်းလေးနှစ်ခုကိုချိတ်ဆက်ကာ စာဖတ်ကြမည် ။

တိတ်ဆိတ်၍ အေးချမ်းလှသည့် စာကြည့်တိုက်အတွင်း ဆူညံ့မှုမရှိ ၊ နှောက်ယှက်သူနတ္ထိနှင့် ။ အခြားသောနေရာများထက် စာကြည့်တိုက်ကိုသဘောကျသည့် နှစ်ယောက်သည် ချိန်း‌တွေ့ကြသည့်အခါ၌လည်း စာကြည့်တိုက်ကိုသာလျှင် သဘောကျသည်တဲ့ ။

Compatible Pheromones |TK|✓Where stories live. Discover now