Chapter 43

2.5K 303 41
                                    

(Unicode)

ဗုဒ္ဓဟူးနေ့ကျောင်းဆင်းခါနီးတွင် ဂျောင်ကုသည်စိတ်လှုပ်ရှားနေပြီး ထယ်ယောင်းကိုလေဆိပ်တွင် ကြိုရန်စိတ်ဆန္ဒပြင်းပြနေသည် ။ ထယ်ယောင်း၏ လေယာဉ်ဆိုက်ချိန်သည် ညနေခင်းလေးနာရီဖြစ်သော်လည်း ဂျောင်ကုမှာ နေ့လည်နှစ်နာရီကတည်းကပင် ကျောင်းမှပြေးထွက်ချင်နေပြီဖြစ်သည် ။

သင်္ချာပုစ္ဆာတွက်နေရင်း စာရေးခုံကိုတတောက်တောက်ခေါက်နေသည့် ဂျောင်ကုကြောင့် ဆရာမဂိုသည် သင်ပုန်းထောက်သည့်တုတ်ကိုကိုင်၍ ဂျောင်ကုနေရာသို့လျှောက်သွားသည် ။

“ ဂျောင်ကု...တတောက်တောက်နဲ့ဘယ်လိုဖြစ်နေတာလဲ ? ”

ဆရာမဂိုရောက်လာမှ ခုံခေါက်နေသည့်ဂျောင်ကုလက်တို့ရပ်သွားပြီး မဟုတ်ကဟုတ်ကလျှောက်ရေးထားသည့် အကြမ်းစာရွက်ကို ခုံအောက်ထဲထိုးထည့်လိုက်သည် ။ မျက်စိလျင်လှသည့်ဆရာမဂိုက ၎င်းကိုမြင်သွားပြီး ဂျောင်ကုဆီမှ အကြမ်းစာရွက်ကို ဆွဲယူလိုက်သည် ။

ဆရာမဂိုလက်ထဲအကြမ်းစာရွက်ရောက်သွားသည်နှင့် ဂျောင်ကုကအပြစ်ရှိသလိုခံစားလိုက်ရပြီး မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်သည် ။ ဆရာမဂိုက အကြမ်းစာရွက်ထဲတွင် ဂျောင်ကုရေးထားသည့်စာကိုဖတ်ရင်း နှုတ်ခမ်းတွန့်သွားကာ ဂျောင်ကုကိုစာရွက်ပြန်ပေးလိုက်သည် ။

“ ကိုယ်လုပ်စရာရှိတာကိုအရင်လုပ်စမ်း...တည်တည်တံ့တံ့လေးနေ ”

“ ဟုတ်ကဲ့ ”

ဂျောင်ကုက ဆရာမဂိုပြန်ပေးလာသည့် အကြမ်းစာရွက်ကိုအမြန်ယူလိုက်ပြီး စာရေးခုံအောက်သို့ထိုးထည့်လိုက်ပြန်သည် ။ စာရွက်ထဲတွင်ရေးထားသည်က

*အာ...ဘယ်အချိန်မှကျောင်းဆင်းမှာလဲ!!!
ကလေးလေးကို သွားကြိုဖို့မစောင့်နိုင်တော့ဘူး...တွေ့လို့ကတော့ သုံးရက်စာအတိုးချပြီး လေဆိပ်မှာတင် မွမွဆိုပြီး ဖက်နမ်းပစ်မယ်...နောက်ခါ ထားသွားဦးမလားဆိုပြီး မှတ်လောက်အောင် လူကြားထဲဖက်နမ်းပစ်မယ် ဟွင်းဟွင်း ~~ ကလေးလေးကို နမ်းချင်လိုက်တာ kiss kiss *

ညလေးနာရီကျောင်းဆင်းချိန်တွင် ကျောင်းခေါင်းလောင်းသံကြားသည်နှင့် ဂျောင်ကုသည် အထန်းထဲမှတစ်ရှိန်ထိုးပြေးထွက်သွားပြီး အနီးအနားရှိပန်းဆိုင်တွင် နှင်းဆီဖြူတို့ကိုပြေးဝယ်လိုက်သေးသည် ။ ထို့နောက် လမ်းမထက်တွင်ရပ်၍ တက္ကဆီတားသည် ။ သို့သော် လူရှုပ်သည့်အချိနိမလို့လားမသိ တက္ကဆီတစ်စီးကိုမျှ ဂျောင်ကုတားမရပေ ။ တက္ကဆီတားမရတာကြောင့် နောက်ဆုံးတွင် ဂျောင်ကုသည် ဘတ်စ်ကားမှတ်တိုင်သို့ပြန်ပြေးကာ လေဆိပ်သို့ သုတ်ခြေတင်ရတော့သည် ။

Compatible Pheromones |TK|✓Where stories live. Discover now