Omegaverse

2.7K 225 27
                                    

(Unicode)

Omegaverse လို့ပြောလိုက်တာနဲ့ လူတိုင်းက Alpha , Beta , Omega ဆိုပြီးတစ်ခါထဲတန်းမြင်မိကြမှာပါ ။ Omegaverse ဆိုတာက ဝံပုလွေတွေကိုအခြေခံပြီး တည်ဆောက်ထားတဲ့ Universe တစ်ခုဖြစ်တယ် ။ တစ်ချို့ကတော့ ABO world လို့လည်းခေါ်ကြတယ်ပေါ့ကွယ် ။ အဲ့မှာလေ A,B,O အပြင် Delta , Gamma , Sigma ဆိုပြီး နောက်ထပ်သုံးမျိုးရှိသေးတယ်တဲ့ ။ ဒါကတော့ ဖော်ပြချက်ရှားတယ် ။ မရှိသလောက်ကိုပဲ ။

Alpha တွေကတော့ လူတိုင်းသိပါတယ် ။ သူတို့တွေက အခြားသူတွေထက် အင်အားကြီးပြီး ပိုင်ဆိုင်လိုစိတ်လည်းများကြတယ် ။ တစ်ချို့စာတွေမှာ ဖော်ပြချက်အရတော့ Alpha အမျိုးသမီးတွေက ကိုယ်ဝန်မဆောင်နိုင်ကြဘူးတဲ့ ။ တစ်ချို့ကျတော့လည်း ကိုယ်ဝန်ဆောင်နိုင်တယ်လို့ဆိုကြတယ် ။ ကြည့်ရတာတော့ အဲ့ဒါက တစ်ဖက်က မိတ်ဖက်အပေါ်မှာ မူတည်နေမယ်လို့ထင်တာပဲ ။ ဪ...ပြီးတော့လေ Alpha အမျိုးသမီးတွေက လိင်စိတ်ပြင်းထန်လာတဲ့အခါ penis ( အတံ ) ပေါက်လာတတ်ကြတယ်တဲ့ ။ Alpha တွေမှာက Heat နဲ့ ဆင်တူတဲ့ Rut ဖြစ်တတ်ကြတယ် ။

Beta တွေကတော့ သာမန်လူတွေအတိုင်းပါပဲ ။ ကွာခြားချက်သိပ်မရှိဘူး ။ Beta တွေက Alpha နဲ့ Omega တို့လို ဖယ်ရိုမုန်း(ဟော်မုန်း) ရနံ့ထုတ်လွှတ်နိုင်ခြင်းမရှိဘူး ။ စာရေးသူတွေအပေါ်မူတည်ပြီးတော့ Beta တွေက ဖယ်ရိုမုန်းရနံ့ခံနိုင်ကြတာရှိသလို လုံးဝမရကြတာမျိုးရှိတယ် ။ ဒါကတော့ စာရေးသူတွေအပေါ်မူတည်တာပေါ့ ။ အမျိုးသမီး Beta တွေကတော့ သာမန်လူတွေအတိုင်း ကိုယ်ဝန်ဆောင်မီးဖွားနိုင်ပေမဲ့ အမျိုးသား Beta တွေကတော့ ကိုယ်ဝန်ဆောင်နိုင်စွမ်း တော်တော်လေးကို နည်းပါတယ် ။

Omega တွေကတော့ အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ ထိရှလွယ်ပြီး နူးညံ့လွန်းတဲ့ သူတွေဖြစ်တယ် ။ စိတ်ခံစားချက်ကလည်း နူးညံ့လွန်းတော့ တစ်ခုခုဆို အရမ်းဝမ်းနည်းအားငယ်လွယ်ကြပါတယ် ။ အထူးသဖြင့် မိတ်ဖက်ရှိပြီးသား omega တွေက သူတို့ရဲ့ မိတ်ဖက် Alpha နဲ့ပတ်သက်လာရင် အရမ်းထိရှလွယ်ပါတယ် ။ အမျိုးသမီး omega တွေကလည်း ဖယ်ရိုမုန်းနံ့ ၊ ဂလင်း ရှိတာတွေကလွှဲရင် သာမန်အမျိုးသမီးတွေအတိုင်းပါပဲ။ ဒါပေမဲ့ အမျိုးသား omega တွေကတော့ တော်တော်လေးကိုရှုပ်ထွေးပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့မှာ အမျိုးသမီးတွေလို မျိုးပွားအင်္ဂါမပါဘူးလေ ။ စအိုလမ်းကြောင်းတစ်ခုထဲပါတာဖြစ်လို့ အမျိုးသား omega တွေက စအိုလမ်းကြောင်းကို အညစ်အကြေးစွန့်တာအပြင် လိင်ဆက်ဆံတာ ၊ မီးဖွားတာတွေကိုပြုလုပ်ပါတယ် ။ သေချာတာပေါ့ အမျိုးသား Omega တွေမှာလည်း မွှေးပျံ့နူးညံ့တဲ့ ဖယ်ရိုမုန်းရနံ့ အပြင် ဂလင်းဆိုတာလည်းရှိတယ်လေ ။ Omega တွေက Heat ဝင်တဲ့အချိန် slick လို့ခေါ်တဲ့အရည်တစ်မျိုးထွက်တယ်တဲ့ ။ အဲ့ဒါက မွှေးပျံ့ပြီးတော့ သူတို့ရဲ့ သဘာဝချောဆီဖြစ်ပါသတဲ့လေ ။

Compatible Pheromones |TK|✓Where stories live. Discover now