Chapter 8

3.7K 418 49
                                    

(Unicode)

မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်ခဲ့ရသည့် ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် အောင့်သက်သက်နှင့်ပင် ဟီယူ၏သုံးယောက်တူတူရုပ်ရှင်ကြည့်မည့် အစီအစဉ်အားလက်ခံခဲ့ရသည် ။ ဟီယူဖြတ်ထားသည့်ရုပ်ရှင်လက်မှတ်က ရိုမန့်တစ်အချစ်ဇာတ်လမ်းဖြစ်တာကြောင့် နှစ်ယောက်ထဲကြည့်လျှင် ကြည်နူးဖို့ကောင်းမည်ဖြစ်သော်လည်း ယခုတွင်တော့ မမျှော်လင့်စွာဖြင့် သုံးယောက်တူတူကြည့်ရတော့မည်ဖြစ်သည် ။ ပေါက်ပေါက်ဆုပ်နှင့်သောက်စရာတစ်ခုခုဝယ်ယူစဉ်တွင်လည်း ဟီယူတစ်ယောက်ထဲကသာလျှင် ပေါက်ပေါက်နှင့် pepsi ဝယ်သည် ။ ထယ်ယောင်းနှင့်ဂျောင်ကုကတော့ သုံးယောက်အတူတူဆိုသည့်စကားကြားကတည်းက ဘာကိုမှစားသောက်ချင်စိတ်မရှိတော့တာဖြစ်သည် ။  မနက်စောစောထ၍ ရှိုးထုတ်လာခဲ့သည်က အသေးလေးနှင့်ချိန်းရန်တစ်ခုထဲအတွက်လေ ။ အခုတော့ဖြင့်....

" နင်တို့နှစ်ယောက် ဘာမှမစားတော့ဘူးလား "

" တော်ပြီ "
" တော်ပြီ "

စကားတို့က တစ်ပြိုက်နက်ဆန်စွာပင် ။

" အိုး...ဟုတ်ပါပြီ ရုပ်ရှင်ချိန်နီးလာပြီဆိုတော့ ငါတို့ဝင်ကြရအောင် "

ဟီယူကထိုသို့ပြောပြီး ရှေ့ဆုံးမှနေ၍ ခပ်သွက်သွက်လျှောက်သွားပေမဲ့ နောက်တွင်ကျန်ခဲ့သည့်နှစ်ယောက်ကတော့ အကြည့်တို့နှင့် တတွတ်တွတ်ထိုးကောင်းဆဲ ။ ရုပ်ရှင်ရုံထဲသို့ရောက်ပြန်တော့လည်း ပြဿနာကပေါ်ပြန်သည် ။

" ငါက အသေးလေးဘေးမှာထိုင်မှာ...မင်းကငါ့ဘေးမှာပဲထိုင် "

" မရဘူး ငါထိုင်မှာ မင်းကငါ့ဘေးမှာထိုင် "

" ငါကဒီကိုအရင်ရောက်တာလေ...အဲ့တော့ ငါထိုင်မှာ "

" အရူးကောင်..."

" အင်း...ဘာလဲ...‌ငါ့ကိုမင်းဘေးထိုင်ခိုင်းဖို့တိုက်တွန်းမနေနဲ့...ငါကဘယ်လိုပဲဖြစ်ဖြစ်အသေးလေးဘေးမှာပဲထိုင်မှာ "

စကားအသွားအလာတို့က တစ်ဦးနှင့်တစ်ဦး အလျှော့လုံးဝမပေးနိုင်သည်မှာ သိသာလှသည် ။

' ဟူး...အတွဲတွေများ...သဝန်တွေဇွတ်တိုနေလိုက်ကြတာ...ထားပါလေ ငါပဲအမြင်ကပ်ခံ အနစ်နာခံလိုက်ပါ့မယ် '

Compatible Pheromones |TK|✓Where stories live. Discover now