Extra 1

771 65 2
                                    

ရွက်သစ်တို့ထွက်စပြုသည့် နွေဦးချိန်ခါသို့ရောက်လာပြီဖြစ်သည် ။ ထို့ကြောင့် ရှင်းဟွာကျောင်းရှိ စီနီယာအထက်တန်းသည် နောက်ဆုံးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုပြီးကြ၍ ပညာရေး၏ဒုတိယလမ်းစကိုလျှောက်ရန် အသင့်ဖြစ်နေကြပေပြီ ။

“ ကဲ ကဲ...အားလုံးပဲရှေ့ကိုကြည့်ပြီးပြုံထားမယ်...ဟိုဘက်ဆုံးကကျောင်းသားရှေ့ကိုနည်းနည်းတိုး ဂုတ်ဝဲနဲ့ကျောင်းသူကဒုတိယအတန်းကိုသွားပေးပါ...ဟုတ်ပြီ ”

ဓါတ်ပုံဆရာ၏ နေရာချပေးနေသည့်အသံက ကျောင်းဝင်းထဲတွင်ပျံ့နှံ့နေပြီး အထက်တန်းပြီးမြောက်ကြောင်းလက်မှတ်ရရှိသည့် ကျောင်းသူကျောင်းသားတို့ကလည်း စုစုရုံးရုံးနှင့် ။ စည်ကားသိုက်မြိုက်စွာကျင်းပနေသည့် ဆုပေးပွဲသည်ကား စီနီယာအထက်တန်းကျောင်သူကျောင်းသားတို့၏ ငယ်ရွယ်ချိန်တွင် နောက်ဆုံးသောအတူတကွဆုံစည်းခြင်းဖြစ်လိမ့်မည် ။ ထို့ကြောင့် အမှတ်တရဓါတ်ပုံရိုက်နေသူတို့က အများသား ။

“ ဒီနေ့ပြီးရင် ငါတို့တွေထပ်တွေ့ဖို့ကခက်ခဲသွားပြီနော် ”

ချန်ဆောင်းကထိုသို့ပြောလိုက်ချိန်၌ ဟာဂျွန်ကမျက်ရည်တစမ်းစမ်းနှင့် သူ့အားကြည့်လာသည် ။ ထို့ကြောင့်မနေနိုင်ပဲ ထပ်ပြောလိုက်သည်

“ မင်းက အိုမီဂါလား...ဒါလေးကိုဝမ်းနည်းနေတာ ”

“ နှလုံးသားမရှိတဲ့ကောင် ခံစားချက်ကင်းမဲ့နေတဲ့ကောင်...လေးနှစ်လုံးလုံးအတူရှိလာတဲ့သူတွေနဲ့ခွဲရတော့မှာလေ ”

ပြောရင်းနှင့်ပင် ဟာဂျွန်ကဒေါသတကြီးစိုက်ကြည့်လာတာကြောင့် ချန်ဆောင်းတစ်ယောက် ဟာဂျွန်၏ပုခုံး‌ကိုပုတ်၍ ချော့စကားဆိုသည် ။

“ အင်းပါ အင်းပါ...ဒီလေးနှစ်လုံးရည်းစားမထားပဲ တူတူပျော်လာခဲ့တဲ့သူငယ်ချင်းတွေနဲ့ခွဲရမှာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့ ”

“ ငိုး...မင်းကိုထိုးမှဖြစ်တော့မယ် ”

ဟာဂျွန်ပြောသည်တောင်နောက်ကျနေသေး ။ ချန်ဆောင်းကတော့ပြောချင်ရာပြောပြီးသည်နှင့် အဝေးကိုထွက်ပြေးသွားလေပြီ ။

Compatible Pheromones |TK|✓Where stories live. Discover now