Chapter 32

2.5K 314 29
                                    

(Unicode)

စက်တင်ဘာလကုန်ခါနီးတွင် ဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပမည်ဖြစ်သည် ။ ထို့ကြောင့် စီနီယာတန်းခွဲအေသည်လည်း အားကစားပြိုင်ပွဲတွင် မဖြစ်မနေပါဝင်ရမည်ဖြစ်သည် ။

“ ငါတို့အတန်းက ဘယ်အားကစားတွေဝင်ပြိုင်ချင်ကြလဲ ? အကယ်၍ ပြိုင်ချင်တာရှိရင် ငါ့ကိုစာရင်းလာပေးကြနော် ”

အတန်းခေါင်းဆောင်ဖြစ်သည့် ဟီဂျင်က တန်းခွဲအေတစ်ခုလုံးကိုပြောလိုက်သည်။

“ အတန်းခေါင်းဆောင်...ငါ ပြေးခုန်ပစ်ပါမယ် ”

“ ငါက အလျားခုန် ”

“ ငါက အမြင့်ခုန် ”

ကျောင်းသူ၊ကျောင်းသားအချို့သည် သူတို့၏အားသာရာ ပြိုင်ပွဲများသို့ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးကြသည် ။

“ အိုး...ပြိုင်မဲ့သူများသားပဲ ”

ဟီယူက ပြိုင်ပွဲဝင်စာရင်းကိုကြည့်၍ ပြောသည် ။

“ အင်း...အဲ့ဒါတော့ဟုတ်ပေမဲ့ ဘာလို့အပြေးပြိုင်ပွဲကိုကျတော့ တစ်ယောက်မှဝင်မပြိုင်ကြတာလဲ ? ”

ဟီယူကလည်း ဟီဂျင်နှင့်အတူ စာရင်းကြည့်နေရင်း အပြေးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်သူမရှိတာကြောင့် ပြောလာသည် ။

“ အရင်နှစ်တွေတုန်းက အပြေးပြိုင်ပွဲကို ထယ်ယောင်းနဲ့ဂျောင်ကုဝင်ပြိုင်တယ်...ဒီတစ်နှစ်တော့ မပြောတတ်ဘူး ”

“ အာ...သူတို့နှစ်ယောက်လုံးဝင်ပြိုင်တာလား ? ”

“ အင်း ”

“ ဒါဆို ဒီတစ်နှစ်လည်း သူတို့နှစ်ယောက်ကိုပဲ ပြိုင်ခိုင်းလိုက် ”

“ ငါလည်းအဲ့လိုစဉ်းစားထားပါတယ်...ဒါပေမဲ့ သူတို့ကိုတစ်ချက်မေးကြည့်လိုက်ဦးမယ် ”

ဟီဂျင်ကပြောပြောဆိုဆိုနှင့် အနောက်သို့လှည့်ကြည့်လိုက်တော့ ထယ်ယောင်းက စာရေးခုံပေါ်တွင် မေးထောက်၍တစ်စုံတစ်ခုကို စိုက်ကြည့်နေသည် ။ ဂျောင်ကုကတော့ ပြတင်းပေါက်ဖက်သို့မျက်နှာမူက စာအုပ်ထောင်၍ မှောက်အိပ်နေသည် ။ သူတို့နှစ်ယောက်သည် ခုံဆက်လိုက်ပြီးနောက်ပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက်ပို၍ ကပ်တွယ်လာကြသည်ကို ဟီဂျင်တင်မက တစ်ခန်းလုံးကပါ သိကြသည် ။

Compatible Pheromones |TK|✓Where stories live. Discover now