Chapter 28

2.6K 327 60
                                    

(Unicode)

ကြာသပတေးနှင့်သောကြာနေ့များတွင် ကျောင်းကပုံမှန်တက်နေရသော်လည်း စီနီယာတန်းခွဲ A အတန်းမှ အတန်းသားများက သိသိသာသာကိုစိတ်လှုပ်ရှားနေကြသည် ။ အဘယ်ကြောင့်ဆိုသော် စနေနေ့တွင် သွားကြမည့်ခရီးက သူတို့အတွက် အတန်းဖော်များနှင့်အတူတူသွားရမည့် နောက်ဆုံးခရီးဖြစ်သည်လေ ။ အထက်တန်းပြီးသွားသည့်နောက်တွင်တော့ ၎င်းကဲ့သို့သောခရီးမျိုးသည် သူတို့အတွက် နောက်ထပ်မရှိနိုင်တော့သော ခရီးဖြစ်သည် ။

သောကြာနေ့ညတွင်တော့ ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် ခရီးအတွက်ပြင်ဆင်ရန် အိမ်သို့ပြန်လိုက်ကြသေးသည် ။

လိုအပ်သည်များကိုပြင်ဆင်ထုတ်ပိုးပြီးသည့်အခါတွင် ဂျောင်ကုသည်ထယ်ယောင်းဖုန်းဆက်လိုက်သည် ။ သူ့ထံတွင် ထယ်ယောင်းဖုန်းနံပါတ်ရှိသည်မှာ ကြာနေပြီဖြစ်လည်း ဘယ်တုန်းကမှမဆက်သွယ်ခဲ့ဖူးပေ ။ နှစ်ဖက်မိဘကြောင့်သာ လူမှုရေးအရ ဖုန်းနံပါတ်လဲထားကြခြင်းသာဖြစ်သည် ။ ယခုကတော့ ဂျောင်ကုဖက်မှ ပထမဆုံးစတင်ဆက်သွယ်ခြင်းဖြစ်သည် ။

“ ဟယ်လို ”

တစ်ဖက်သို့ဖုန်းဝင်သွားချိန်တွင် ထယ်ယောင်းကလျင်မြန်စွာပင် ဖုန်းကိုင်လာသည် ။

“ ထယ်ယောင်း ”

“ အမ်း ? ”

ပြန်ထူးလာသည့် ထယ်ယောင်းအသံကနူးညံ့စွာ ။

“ မနက်ဖြန် ငါနဲ့တူတူထိုင်မှာမလား ? ”

“ ဒီအတွက် ငါတို့‌ပြောပြီးသွားပြီမဟုတ်လား ? ”

“ ငါကပိုသေချာအောင်လို့ပါ...မင်းလည်းသိတဲ့အတိုင်း ငါကဆက်ဆံရေးမကောင်းတော့ မင်းကလွှဲရင် ငါနဲ့ထိုင်မဲ့သူရှိမှာမဟုတ်ဘူး...ဟိုးအရင်ကလိုပေါ့ ”

ထယ်ယောင်း ခေတ္တနှုတ်ဆိတ်သွားသည် ။ အလယ်တန်းနှစ် အတန်းခရီးစဉ်ထွက်ခဲ့တုန်းက ဂျောင်ကုသည်အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းသည့်အပြင် ထယ်ယောင်းနှင့်ကလည်း မတည့်တာကြောင့် ခရီးစဉ်တစ်လျှောက်လုံးတွင် တစ်ဦးထဲသာဖြစ်နေသည် ။ ထိုစဉ်တုန်းကတော့ ထယ်ယောင်းသည် ဂျောင်ကုအား နည်းနည်းလေးမျှပင် မသနားမိခဲ့ ။

Compatible Pheromones |TK|✓Where stories live. Discover now