Chapter 15

3.6K 398 51
                                    

(Unicode)

“ ငါမင်းကိုမုန်းလိုက်တာ ကင်မ်ထယ်ယောင်း ”

‌ဆူညံနေသည့် လက်ခုပ်သံများကြားတွင် ဂျောင်ကုသည် ထယ်ယောင်းအား စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုးဆိုလိုက်သည် ။ ထယ်ယောင်းကတော့ ဂျောင်ကုအား မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ရင်း စင်‌ပေါ်မှဆင်းလာသည် ။

“ ဝါး...ထယ်ယောင်း နင်ကအရမ်းတော်တာပဲ... piano တီးတတ်တာ ငါတောင်မသိခဲ့ဘူး ”

ဟီယူက စင်ပေါ်မှဆင်းလာသည့် ထယ်ယောင်း၏ လက်မောင်းအင်္ကျီစကိုဆွဲရင်းနှင့် ဆိုသည် ။

“ အမ်း...ဒါကလွယ်ကူရိုးရှင်းတဲ့ တီးလုံးလေးတစ်ခုဆိုပေမဲ့လို့...ဂျောင်ကုအတွက် လက်ဆောင်ပေးတာပါ ”

ထယ်ယောင်းက ဟီယူ၏စကားကိုပြန်ဖြေရင်း ဂျောင်ကုအား ခေါင်းစောင်း၍ ကြည့်လိုက်ကာ မျက်လုံးဝိုင်းလေးနှင့်

“ သဘောကျတယ်မလား ကိုကို ”

“ ယီး! သောက်ခွက်လာမပြောင်နဲ့ ထယ်ယောင်း ”

“ အို့...ကိုကိုက အခုတော့ ယောင်းကို ဆဲပြီပေါ့လေ ”

ထယ်ယောင်း၏ “ ကိုကို ” ဟူသည့် အခေါ်အဝေါ်တွင် ဂျောင်ကုကြက်သီးများပင် ထလာသည် ။ ထယ်ယောင်းက ဂျောင်ကုထက်ငယ်သည်ဆိုသော်ငြား သုံးလကျော် လေးလလောက်သာလေ ။

“ အစ်...အစ် ”

ဟီယူသည် သူမရှေ့တွင်ရှိနေသည့် နှစ်ယောက်အားကြည့်ရင်း ဂျွတ်ထိုးလာတာကြောင့် တောင်းပန်စကားဆိုရင်း ထိုနေရာမှထွက်ပြေးလာလိုက်သည် ။

“ ဆောရီး...ငါ ဂျွတ်ထိုးလာလို့...ရေသွားသောက်လိုက်ဦးမယ် ”

ယခုချိန်တွင် သူမစိတ်ထဲတွင် ဖြစ်နေသည့် ထိတ်လန့်အံ့ဩမှုများအား သူမတစ်ယောက်ထဲသာလျှင်သိသည် ။ ဂျွတ်ထိုးနေသော်လည်း သူမ၏အပြုံးကတော့ ဖုံးဖိလို့မရအောင်ပေါ်လွင်နေသဖြင့် ဂျောင်ကုနှင့်ထယ်ယောင်းတို့ရှေ့မှ အလျင်မြန်ပြေးထွက်လာခြင်းဖြစ်သည် ။

“ ယူလေး! ”

ဟီယူတစ်ယောက် စိတ်ငြိမ်စေမည့်နေရာတစ်နေရာရှာနေတုန်း သူမအားခေါ်သည့်အသံကိုကြားလိုက်ရတာကြောင့် အသံကြားရာသို့လှည့်ကြည့်လိုက်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now