Chapter 25

3K 350 24
                                    

(Unicode)

ဖိုရမ်ပေါ်ရှိ ဟီယူ၏postအောက်တွင် ကောမန့်တို့က ဆက်တိုက်တက်လာသည့်တိုင် ထယ်ယောင်းနှင့်ဂျောင်ကုတို့ကတော့ ကော်ဖီသောက်ကောင်းနေဆဲဖြစ်သည် ။

“ သောကြာနေ့ညကျရင် အားကြလား ? ”

ဟီယူက စကားစသည် ။ သောကြာနေ့ညက သူတို့လို စီနီယာအထက်တန်းကျောင်းသားတို့အတွက် အနည်းငယ်သောအားချိန်လေးထဲမှတစ်ချိန်ဖြစ်တာကြောင့် ကျန်သုံးယောက်မှာ ခေါင်းညိတ်လိုက်ကြသည် ။

“ ဒါဆို...ငါ night out ထွက်ချင်လို့...တစ်ယောက်ထဲဖြစ်နေတော့ နင်တို့ကို လိုက်မလားလို့မေးကြည့်တာ ”

“ ရုတ်တရက်ကြီးဘာလို့ night out ထွက်ချင်ရတာလဲ ? ”

ဟီဂျင်က မိန်းကလေးချင်းမို့မေးလိုက်သည် ။

“ အမ်း...ငါဒီကိုပြန်ရောက်ကတည်းက ဘယ်ကိုမှကောင်းကောင်းမသွားရသေးဘူးလေ...မမကလည်း အလုပ်တွေနဲ့ဆိုတော့ မအားလို့ လိုက်မပို့ပေးဖြစ်ဘူး...အဲ့ဒါကြောင့် ဒီတစ်ပတ်သောကြာကိုတော့ ကျောင်းချိန်ပြီးသွားရင် ထွက်လည်မလို့ ”

“ အဲ့လိုကိုး...ဒါဆို ငါလိုက်ခဲ့မယ်လေ...နင်ကဒီကိုပြန်မလာတာကြာပြီဆိုတော့ ‌နေရာတွေ ၊ လမ်းတွေကို အကုန်မှတ်မိချင်မှမှတ်မိမှာလေ...ပြီးတော့ တစ်ယောက်ထဲလည်ရင် ပျင်းစရာကြီးဖြစ်နေမှာ ”

“ အင်း...ဟုတ်တယ် အတန်းခေါင်းဆောင်က ငါ့အပေါ်အကောင်းဆုံးပဲ ”

ဟီယူကပြောပြောဆိုဆိုနှင့် ဘေးချင်းကပ်ထိုင်နေသည့် ဟီဂျင်အား လှမ်း၍ဖက်လိုက်သေးသည် ။

“ ဒီလိုဆို ငါတို့လည်းလိုက်မယ်...မိန်းကလေးနှစ်ယောက်ထဲ ညထွက်လည်တာက အန္တရာယ်များတယ်...ဟုတ်တယ်မလား ထယ်ယောင်း ”

“ အမ်း...ငါလည်းအားနေမှတော့ တူတူသွားကြတာပေါ့...အဲ့နေ့လောက်ဆိုရင် ငါ့ဒဏ်ရာတွေလည်းသက်သာလောက်ပါပြီ ”

ဤသို့ဖြင့် လေးဦးစလုံးသည် သောကြာနေ့ည night out ထွက်ဖို့ရန်အတွက် စီစဉ်ပြီးသွားသည် ။

ညရောက်သော် ဂျောင်ကုက ထုံးစံအတိုင်းပင် ထယ်ယောင်း၏ အခန်းသို့ ထယ်ယောင်းအားဆေးလိမ်းပေးရန် ရောက်လာပြန်သည် ။ ထယ်ယောင်းက အားနာမိ၍ ငြင်းသေးသော်လည်း ဂျောင်ကုက လက်မခံတာကြောင့် ဂျောင်ကုအား ဆေစလိမ်းခွင့်ပေးလိုက်ရသည် ။

Compatible Pheromones |TK|✓Where stories live. Discover now