Chapter 42

2.4K 306 48
                                    

(Unicode)

တနင်္ဂ‌နွေနေ့တစ်ရက်လုံး ချစ်သူကောင်လေးမရှိပဲဖြတ်သန်းခဲ့ရသည့် ဂျောင်ကုသည် တနင်္လာနေ့တွင်လည်း လေးလံထိုင်းမှိုင်းစွာဖြင့် ကျောင်းရောက်လာသည် ။ စာသင်ခန်းထဲသို့ရောက်သည်နှင့် ထယ်ယောင်းနေရာတွင် ဘုတ်ခနဲထိုင်ချလိုက်သည့် ဂျောင်ကုကြောင့် ချန်ဆောင်းနှင့်ဟာဂျွန်သည် ဂျောင်ကုဘေးသို့ရောက်လာသည် ။

ချန်ဆောင်းက

“ ဂျောင်ကု...မင်းဘာလို့ တစ်ယောက်ထဲဖြစ်နေရတာလဲ ? ”

ထယ်ယောင်းနှင့်ဂျောင်ကုတို့ကြားက ကိစ္စကိုသိထားပြီးဖြစ်သည့် ချန်ဆောင်းနှင့်ဟာဂျွန်က စပ်စပ်စုစုနှင့်မေးလိုက်သည် ။ ချစ်သူကောင်လေးနှင့်ခွဲရသည်မှာ နှစ်ရက်ရှိပြီဖြစ်သည့် ဂျောင်ကုမှာတော့ တပ်ထားသည့်မျက်မှန်ကို အနည်းငယ်ပင့်တင်လိုက်၍ ဖျော့တော့စွာပြောသည် ။

“ ထယ်ယောင်းက ပဲရစ်သွားလိုက်တယ် ”

“ အာ...အဲ့လိုလား ? ဒါနဲ့ မင်းတို့နှစ်ယောက်က အခုကျောင်းဖိုရမ်မှာ တော်တော်လေးကိုနာမည်ကြီးနေတာ သိပြီးပြီလား ? ”

“ ဟမ်? ဘာနာမည်ကြီးတာလဲ ? ငါဖြင့် ကျောင်းဖိုရမ်ထဲဝင်မကြည့်တာကြာပြီ ”

“ ဝင်ကြည့်လိုက်ဦး ”

ထိုစကားပြောပြီး ချန်ဆောင်းနှင့်ဟာဂျွန်က သူတို့နေရာသို့ပြန်သွားသည် ။ ကျန်ခဲ့သည့် ဂျောင်ကုမှာတော့ မဖွင့်ကြည့်ရတာကြာပြီဖြစ်သည့် ကျောင်းဖိုရမ်ကိုဖွင့်ကြည့်လိုက်ရာ အတော်လေးလူပြောများနေသည့် အကြောင်းအရာကိုတွေ့လိုက်ရသည် ။ ၎င်းကား အခြားမဟုတ် “ မဝေးတော့သည့် Aနှစ်ယောက်ချစ်ခြင်း ” ဟူသည့် page နာမည်ပင်ဖြစ်သည် ။

အခြားသူများအား မေးစရာမလိုအောင်ပင် ၎င်းက သူနှင့်ထယ်ယောင်းကို ship ထားသည့် page ဖြစ်သည် ။ သူတို့နှစ်ဦး၏ relationship ကို ဖုံးကွယ်ထားဖို့ရန် မတွေးထားသည့် ဂျောင်ကုမှာတော့ အနှီ page ၏နောက်ဆုံးတင်ထားသည့် ပိုစ့်တွင် ပေါက်ကွဲ‌နိုင်လောက်သည့် ကောမန့်တစ်ခုဝင်မန့်လိုက်သည် ။

Boss Jeon - page နာမည်ကြီးပြောင်းလိုက်တော့...အခု ငါနဲ့@Boss Kim တို့ကအစစ်အမှန် CP တွေပဲ

Compatible Pheromones |TK|✓Where stories live. Discover now