အပိုင်း ၁၀

62.2K 5.1K 191
                                    

(Part 10)
.................

"ဗျို့ မြို့အုပ်မင်း.. ဗျို့ ကတော်လေး.. "

မြတ်ကြည် ကုတင်ထက် ပြန်လှဲရန်ပြင်စဉ် အိမ်အောက်မှ ခေါ်သံတစ်ခုကြောင့် ထိုအသံပိုင်ရှင်ရှိရာ နေရာသို့သာ ပုံမှန်ခြေလှမ်းများဖြင့် ဆင်းလာခဲ့သည်။

အိမ်အောက်ရောက်တော့ ဟိုတနေ့က ရထားဂိတ်သို့ နွားလှည်းဖြင့် လာကြိုသည့် ဘိုးဟူသော ကောင်ကလေးနှင့် စေလုံဟုခေါ်သော သူကြီးသားလေး... မြတ်ကြည် ပြန်လည်ပြုံးပြနှုတ်ဆက်မိသား..

"ဘာများလဲ..."

"မြို့အုပ်မင်းရော ခင်ဗျ..."

"အော သူမရှိဘူး စောနကလေးတင် ဆင်းသွားလေရဲ့.."

"အော် အော်.." ဟုဆိုခါ စေလုံက ခေါင်းတစ်ညှိမ့်ညှိမ့်... လာသာ လာရသည်..။ ဘာလုပ်လို့လုပ်ရမှန်းမသိ..။ဘေးက ဘိုးကပါ အစစ်ပါလာတော့ စေလုံ ခြံထဲက လှည့်ပြန်လို့မဖြစ်သေး..။ မြို့အုပ်မင်းဆီ ကူဖော်လက်ပါး အနေနှင့်လာခဲ့သည်ဟု ဘိုးအား ပြောခဲ့ခြင်းကြောင့်ပင်။

"အော်.. ထမင်းစားခဲ့ပြီးပြီလား ထမင်းစားသွားပါလား.."

ဖော်ရွေသော ကတော်ဖြစ်သူကြောင့် ဘိုးရောစေလုံပါ အမှတ်အပြည့်ပေးမိသည်။

"မြတ်ကြည် ချဉ်ပေါင်ဟင်းနဲ့ မန်ကျည်းသီးငပိချက်တော့ ချက်ထားတယ်လေ.. စားသွားပါလား..."

မျက်လုံးပြူး မျက်ဆံပြူးကုန်ကြသော သူတို့နှစ်ယောက်မှာ အချဉ်ဓာတ်ပြည့်ဝသော ဟင်းတို့ကြောင် အူမကြီးပင် ကျိန်းတက်သွားရ၏။

"ဟဲဟဲ.. ဟို မ မစာသေးပါဘူး ခင်ဗျ.."

"ကျွန်တော်လည်း တော် တော်ပါပြီ.."

မြတ်ကြည်က ခေါင်းကလေး တညှိမ့်ညှိမ့်သာ...

"ဒါဖြင့် မင်းတို့ ဘာများလိုအပ်သေးလို့လဲ.."

"အော် လုပ်စရာ အလုပ်ရှိရင် ကူခိုင်းလို့ရပါတယ်.. အခုက ခြံထဲမယ် ပေါင်းသင်ဖို့ လာတာပါ.. မြက်တွေလည်း တော်တော်ရှည်နေပြီရယ်..."

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now