အာဒန်မင်သည် သူကြီးဦးသာအေးနှင့်အတူ ဘုရားပွဲလာကြည့်ဟန်တူပါသည်။ဦးသာအေး ကိုယ်တိုင်ကလည်း ဤနိုင်ငံခြားသားလေးကို မြန်မာ့ဆိုင်းဝိုင်းသဘင်ပညာအကြောင်းကြွားချင်နေသည့်ပုံဖြစ်၏..။
"ဒါက ဘုရားပွဲလို့ခေါ်တယ် ဘုရားစေတီပေါ်ကစိန်ဖူးတော်ကို ပြန်လည်ပြုပြင်မွန်းမံတာလေ..အဲ့အတွက် ကျောင်းတိုင်ဘုန်းကြီးက ဆိုင်းထည့်ပေးတာ..ပွဲဈေးကိုကော သိလား..။ပွဲဈေး ပွဲဈေးက အလည်အပတ်လုပ်လိုရတဲ့ နေရာ...."
စာတစ်သန်ပေတစ်သန်နဲ့ရှင်းပြနေသော သူကြီးဦးသာအေးဆီမှ အာဒန်မင်၏ အာရုံငါးပါးစလုံးသည် အဝေးတနေရာတွင်ရှိနေသော ပုံရိပ်ကလေးဆီ လွင့်မျောနေခဲ့သည်။
"အဲ့တော့ ဆိုင်းသဘင်ပညာဆိုတာ တို့မြန်မာပြည်ကြီးရဲ့......."
"ခဏ!" ဟုဆိုခါ လက်ပြ ရပ်တန့်ခိုင်းလိုက်သော်ငြား အကြည့်တို့သည် ဦးသာအေးထံပြန်လည်မရောက်လိုက်ပေ...။ ထိုအရိပ်ကလေးထံသို့သာ ခြေလှမ်းကျဲများဖြင့် လူကြားထဲ တိုးဝှေ့သွားခဲ့မိသည်။
ကျန်ရစ်နေခဲ့သော သူကြီးဦးသာအေးမှာ သူ့စကားကိုဆုံးအောင်နားမထောင်သွားသောသူကို လိုက်တားရနိုးနိုး..။ဆံပင်ကျို့တို့ကျဲတဲသာရှိသော ဦးခေါင်းထက်က ဆံပင်တွေထဲ လက်လျှိုခါ ကုတ်ခြစ်နေခဲ့လေရဲ့...
"........"
"မြတ်ကြည်.."
ထိုသို့ လေသံအသိမ်းအယူမမှန်သည့် စကားတို့နှင့်ဆိုလာလျှင် မြတ်ကြည်ရဲ့ မူပိုင် မျက်လုံးခပ်ဝိုင်းဝိုင်းကလေးများနှင့် မော့ကြည့်လာလေသည်။ ထိုအခါ တစ်ဖတ်လူက အေးချမ်းသောအပြုံးများနှင့် ပြန်လည်ပြုံးပြလာလေသည်။"ဟင် ရှင်က!.."
"ချာလီပါ..မှတ်မိတယ်ထင်ပါရဲ့.."
"အို မြတ်ကြည်မမှတ်မိစရာအကြောင်းမှမရှိတာ.. မှတ်မိပါတယ် မစ္စတာ ချာလီ.."
ချာလီက ထိုအခါမှ တော်ပါသေးရဲ့ဟူသော အပြုံးများနှင့် ထွက်သက်တစ်ခုအား ဖန်တီးလိုက်၏။
"အကယ်လို့ မြတ်ကြည်အားရင် ကျွန်တော့်ကို ဒီရွာအကြောင်းလေးတွေ ပြောပြလို့ရမလားဟင်.."
YOU ARE READING
တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)
Romance၁၉၄၀ နှောင်းပိုင်း ကာလ... မြို့အုပ်မင်း+မြို့အုပ်ကတော်