အပိုင်း ၂၈

40.7K 3.5K 58
                                    

Zaw...

ဝါညက်သော အသားအရည်ပိုင်ရှင် ကလေးငယ်ဟာ ငယ်ရုပ်မပျောက်သေးဘဲ ယခင်နည်းတူ သွက်လက်ချက်ချာနေဆဲပင်ဖြစ်လေသည်။ချာလီ သူပေးတဲ့ အကငြ်္ီကိုယူခါ လက်ထဲ၌ ကျစ်ကျစ်ပါအောင်ဆုတ်လုံးထားလိုက်မိသည်။ တနေ့ပြန်တွေ့တဲ့အချိန်ကျ အနားမှာခေါ်ထားပြီး ဇနီးမယားလို ပြုစုယုယပေးပါမည်ဟု ဂတိတည်ခဲ့ပြီးခါမှ အခု သူ့ရှေ့မှာရပ်နေသည့် အမျိုးသမီးဝတ်စုံလှလှကလေးနှင့် ကောင်ငယ်လေးဟာ အခြားသူ၏ သက်ဆိုင်သူဘဝပင်ရောက်နေခဲ့တော့သည်။သူသိပ်များ နောက်ကျသွားခဲ့ပြီလား...။

"ဟို..အဝတ်လဲတာအတွက် အိမ်ပေါ်က အခန်းသုံးလို့ရပါတယ် မစ္စတာချာလီ"

သူ့အား အားနာသောမျက်ဝန်းလှလှလေးတွေနှင့်ကြည့်နေသောကောင်လေးအား ခပ်နွမ်းနွမ်းကလေးသာ ပြန်လည်ပြုံးပြလိုက်ရင်း ခေါင်းညှိမ့်ပြလိုက်မိသည်။

"ကြီးဆွေလိုက်ပို့ပေးလိုက်မယ် .. အကြည်က ဒီမယ်နေခဲ့နော်.."

"ဟုတ် ကြီးဆွေ.."

ဒေါ်မိုးဆွေက ချာလီ့အား အိမ်ပေါ်သို့လမ်းပြခေါ်ဆောင်လာခဲ့လိုက်သည်။အိမ်ပေါ်တက်လာသည့် တလျှောက် ချာလီ၏မျက်ဝန်းများမှာ ဂဏာမငြိမ်... ဒေါ်မိုးဆွေ လမ်းညွှန်ရာ အိပ်ခန်းထဲဝင်ဝင်ခြင်း ပြူတင်းပေါက်နားနားဆီမှခုံမြင့်စားပွဲဝိုင်းကလေးထံ ရှုတ်ပွနေသော စာရွက်စာတမ်းများနှင့် မှင်ရည်ပုလင်း ဖောင်တိန် တံဆိပ်ခေါင်းတုံးများ စသော စာရေးကိရိယာများအား မြင်လိုက်ရသည်။

"ဥဒေါင်း...."

ချာလီ၏ရေရွတ်သံအပြီးမှာ ခြေတံရှည်များက စားပွဲခုံနား နားဆီ ချဉ်းကပ်ရွှေ့လျားလာခဲ့လိုက်သည်။ သူ၏ တာဝန်တစ်စိတ်တစ်ပိုင်းဖြစ်သော ဥဒေါင်းအား ရှာဖွေရန် တစ်နည်းနည်းဖြင့် ဆက်နွယ်နေမလားဟူ၍လည်း မသိစိတ်က လုံးလုံးသံသယစိတ်ဝင်နေခဲ့မိတာအမှန်... ဤသို့တွေးစမိခြင်းကား မြတ်ကြည်၏ခင်ပွန်းဖြစ်သူသည် မြို့အုပ်မင်းရာထူးရာခံရှိ အထက်တန်းအရာရှိငယ်ဖြစ်ပြီး အောင်မြင်မှုများကို ဆွတ်ခူးထားသူလည်းဖြစ်သေးသည်။ အနှီ အရာထူးခံလူများသည် ဝရမ်းပြေးတောခိုသူအချို့နှင့် ပြန်လည်ဖွဲစည်းရေးအဖွဲ့အစည်းများစွာကို လျှို့ဝှက်ဆက်သွယ်နေသော အန္တရာယ်ကောင်များလည်းဖြစ်သည်။ဤသည်ကြောင့် စောသိုက်ခေတ်အမည်ရှိ ရာထူးမြင့်လူငယ်ကိုလည်း လျော့ပေါ့၍တွက်မရပါချေ။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now