အပိုင်း ၄၃

39.4K 3.4K 243
                                    

Zaw....

စကော့ဈေးတန်းကြီးရှိ ပထမအထပ်တွင် ပြဇာတ်ရုံတည်ရှိပြီး ပွဲလက်မှတ်ကိုလည်း ထိုနေရာ၌ပင် ဝယ်ယူရပေသည်။ ပြဇာတ်ရုံအပြင် အခြားအားကစားပိုင်းရုံများတည်ရှိပြီး စကော့ဈေးအား ၁၉၂၆ ခုနှစ်တွင် ဗြိတိသျှလူမျိုး ဆာ ဂျိမ်း(စ်) ဂျော့ စကော့(ဒ်)အား ဂုဏ်ပြု၍ မှည့်ခေါ်ထားခြင်းဖြစ်၏။ ဗြိတိသျှလူမျိုးများ ခိုင်းညွှန်မှုဖြင့်တည်ဆောက်ပေးခဲ့သော ထိုဈေးဝယ်အဆောက်အအုံကြီးသည် ထည်ဝါလှပမှုများတည်ရှိနေသလို နောက်ကွယ်တွင်လည်း မြန်မာလူမျိုးတို့၏ သွေး ချွေးများ အရင်းခံလို့ အသက်များစွာ စတေးခံထားသည့် သည်ရင်နာစရာကောင်းသည့်ပုံရိပ်ကိုပါ တွဲမှတ်ရမည်ဖြစ်၏။

(စကားချပ် / စကော့ဈေး = ဗိုလ်ချုပ်ဈေး)

"မြတ်ကြည်..ပြဇာတ်ကြိုက်တယ်မှလား.."

လက်တွဲ၍ခေါ်လာသည့် အာဒန်မင်မှာ ယခုတိုင် မြတ်ကြည်၏ လက်ဖဝါးနွေးနွေးကိုတွဲထားသေးသည်။ မြတ်ကြည် သူ့အပေါ် ချိုသာသော အပြုံးများနှင့် အမြဲဆက်ဆံပေးသော စရိုက်နှစ်မျိုးနှင့် ဗိုလ်ကြီးအားကြည့်ခါ ခပ်တွေတွေကလေး ငေးရှာသည်။

"ဗိုလ်ကြီး.."

"အင်း ပြော.."

"မြတ်ကြည်ကို တခုခုအထင်မှားနေသလားလို့.. စောစောကကိစ္စအတွက် ကျေးဇူးတင်ပေမဲ့ မြတ်ကြည် ဗိုလ်ကြီးနဲ့ အသိမိတ်ဆွေ သံယောဇဉ်တစ်ခုထက်မပိုတာသိပါရဲ့နော်.."

အာဒန်မင်၏ သက်ဝင်လှသောအပြုံးတို့က ခုတော့ ခြောက်ကပ်ကပ်နိုင်လှ၏။ ပြုံးနေတာကို ရပ်ပစ်လိုက်ပြီး အာဒန်မင် အသက်ကို တစ်ဝကြီးရှူပစ်လိုက်တော့၏။

"ဟား....အမ်းဟမ်း...ကျုပ်သိပါရဲ့...မြတ်ကြည်ဆိုတဲ့ လူသားဟာ ကျုပ်အတွက် တန်ဖိုးမဖြတ်နိုင်လို့ ကျုပ် တန်ဖိုးထားသည့်အလျှောက် ကျုပ်ကာကွယ်ပေးတာ..။ အကူအညီပေးတာ..။ ပိုင်ရှင်ရှိတဲ့ လက်ဝတ်ရတနာက မတော်တစ်ဆ ပိုင်ရှင်လက်ထဲက ကျပြောက်နေခဲ့လို့ ယူသိမ်းထားခဲ့ရုံဘဲလေ..ကောက်ရတဲ့ပစ္စည်းကို ကျုပ်ပိုင်သွားတာမှမဟုတ်ဘဲ.."

တနေရာအား စူးစူးစိုက်စိုက်ကြည့်လို့ သပ်ပြင်းကလေးရောချ၍ဆိုလာသော အာဒန်မင်၏စကားတွေမှာ အဓိပ္ပါယ်တစ်ခုအားသက်ရောက်နေ၏။မြတ်ကြည် ခနော်နီခနော်နဲ့ကလေးပြုံးရင်း သူ့ဘေးကးက နိုင်ငံခြားသားလေးဆီအကြည့်ပြန်ရောက်သွား၏။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now