အပိုင်း ၃၇

36.9K 3.4K 58
                                    

"မောင်!"

ရင်ခွင်နန်းမှ မျှော်ကြည့်နေသော သိပ်လှပသည့်လူသားဟာ သူ့နှလုံးသားကို ဆွဲကိုင်လှုပ်နေ၏။ အကြည့်တွေမှာ လွမ်းဆွတ်ခြင်း တမ်းတခြင်းတို့ များစွာပါဝင်နေပြီး မျက်ရည်ကြည်ဥတို့ပင် ဝေ့သီနေကြ၏။

"အိုး..တောင်းပန်ပါတယ်.."

သေးသွယ်နေသော ခါးအားကိုင်ထားသော သူ့လက်တွေကို အမြန်ရုတ်ချခါ တောင်းပန်လိုက်ရသည်။ မြင်ဖူးနေသည့်မျက်နှာဖြစ်တာကြောင့် စောသိုက်ခေတ် ထွက်မသွားသေးဘဲ ခေတ္တသူ့အနားတွင် ရပ်နေမိခဲ့သည်။ ငေးကြည့်နေသော လူနှစ်ဦး၏ အကြည့်တွေသည် ထပ်တူကျနေသော်လည်း ပုံစံတော့မတူညီပါပေ။

"မင်း..မင်းက..."

ဆက်ပြောလာမည့် စောသိုက်ခေတ်၏ စကားတွေအား မြတ်ကြည် မျှော်လင့်စောင့်စားစွာဖြင့် ရင်အစုံဟာ တလှိုက်လှိုက် နိမ့်ချည်မြင့်ချည်ဖြစ်နေလေ၏။

"မင်းက...မနေ့က အိမ်လာလည်တဲ့ အင်္ဂလိပ်ကောင်နဲ့ပါလာတဲ့ ကလေးမလေးမှလား.."

"အာ....."

မျှော်လင့်ထားသလိုဖြစ်မလာတော့ မြတ်ကြည်တယောက် "အာ.. "တစ်လုံးသာသံရှည် ဆွဲလိုက်၏။

"ဘာအာလဲ..."

"ဟမ်.."

ဘာဆက်ပြောရမယ်မှန်းမသိအောင်ကိုပင် မောင်ဟာ မြတ်ကြည်ကို အခက်တွေ့စေပါသည်။
မောင့်ကိုကြည့်ပြန်တော့လည်း "ဘာလဲ ဘာဟမ်လဲ ဆက်ပြောလေ"ဟူသော အကြည့်နှင့် မျက်မှောင်ကြီးကြုတ်ခါ မေးဆက်ပြနေလေသည်။

"အာ..."

"မင်း ကျီးကန်းလား..ဘာလို့ ခဏ ခဏ အာဘဲ အာနေတာလဲ.. မနေ့ကတော့ စကားတွေ ပလုံစီနေအောင်ပြောသွားပြီး ဒီနေ့ကျမှ ဆွံ့အနားမကြားဘဝကူးသွားပြီလားကွ ဟေ.."

"မဟုတ်ဘူး အဲ့တာက မြတ်ကြည်ရဲ့ စိတ်အခြေက မတူတော့တာမို့ပါ..."

"ဘာ..."

"အင်း မြတ်ကြည်ကို လှမ်းဖမ်းပေးထားလို့ ရှင့်ကို ကျေးဇူးတင်ပါတယ်..။ ခု မြတ်ကြည်ကို သွားခွင့်ပြုပါအုံး..."

ဘိုသီဘက်သီဖြစ်နေသော သူမ၏ ဆံပင်ရှည်ရှည်တွေဟာ ဒီနေ့ကျမှ သူနှင့်ရင်းနှီးနေသယောင်...

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now