!goodbye!
21.8K 1.2K 19
နှုတ်ဆက်လိုက်ပါ၏။
VV Kit.🍰🧀
.......................................
ကဲ... အားလုံးကို ဒီficလေးကနေ နှုတ်ဆက်ဖို့ အချိန်ကျလာပြီပေါ့နော်။ ဟိုး အစကနဦးကနေ အခုလို အဆုံးထိ လိုက်ပါလာခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို မV က ကျေးဇူးတင်ပါတယ်နော်။ အခုလို အုပ်ကြီးနဲ့မြတ်ကြည်တို့ ဖြစ်မြောက်ဖို့အရေး အတော်ကလေး ကြိုးစားယူလိုက်ရပါတယ်။ ဘာလို့ဆို ဒီficလေးက မြို့အုပ်မင်းအမျိုးအစားမဟုတ်ဘဲ အစကတည်းက လူဆိုးလူမိုက်လေးနဲ့ အလှလေးတို့ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝ အချစ်ဇာတ်လမ်းလေးကနေ မြတ်ကြည်ဆိုတဲ့ အလှလေးကို မွေးဖွားထားတာပါ။ နောက် တဖြေးဖြေး plot ချရင်းနဲ့ ပုံစံက တဖက်ကူးလာတယ်ပေါ့နော်။ ဒီလိုဘဲဖြစ်သွားပါတယ်ရှင်။ ဒါပေမဲ့လည်း အခုအုပ်ကြီးနဲ့မြတ်ကြည်က စာဖတ်သူတွေရဲ့နှလုံးသားထဲ တနည်းမဟုတ်တနည်းနဲ့တော့ ရောက်သွားခဲ့ကြပြီမို့လား..။
Intro ကစလို့ တစ်ပိုင်းချင်းစီတိုင်းကို reviews တက်စေခဲ့တဲ့ မVရဲ့ကလေးတွေကို ချစ်ပါတယ်ဗျာ..။ment တိုင်းမှာလည်း တက်နိုင်သလောက်အထိ မV reply ပြန်ခဲ့ပါတယ်။ အခုနောက်ပိုင်း ပြီးခါနီးအပိုင်းလေးတွေမှာ မV ကလေးတွေကို reply မပြန်ခဲ့ပါဘူး။ ဘာလို့ဆို ဘာပြန်ပေးရမှန်းလဲ မသိတော့သလို.. အလုပ်တွေတအားရှုတ်နေတာနဲ့ရော အကုန်ရောသွားခဲ့ရပါတယ်ဗျာ...။အဲ့အတွက် တောင်းပန်ပါတယ်နော်။ ဒါပေမဲ့ ဘယ်သူတွေ ဘာမန့်ထားလဲဆိုတာကို မV က ကျီးကန်တောင်းမှောက်နဲ့ကို ပျော်ပျော်ကြီးလိုက်ဖတ်ကြည့်ပေးပါတယ်နော်။ဟိုးအစကနေ မန့်လှလှလေးတွေရယ် name လှလှလေးတွေနဲ့ reading list တွေထဲထည့်ပေးခဲ့ကြတဲ့ noti တွေကို မV ssပါရိုက်ထားတယ်။ ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးအီမသွားဘူး။ စာရေးရင်း ပြင်းနေရင်တောင် အနည်းဆုံး တနေ့ တစ်ခါတော့ ဝင်ကြည့်ဖြစ်တယ်။ဒါ မVအတွက် အကောင်းဆုံး moti ပါဘဲဗျာ...။
မVရဲ့ တန်ဖိုးထားရတဲ့ စာဖတ်သူလေးတွေခင်များ
သိပ်မကြာခင်မှာ fic အသစ်ကလေးနဲ့အတူ ပြန်လာပါအုံးမယ်နော်...။
မခွဲချင်သေးတဲ့ ကလေးတွေက မV အခုရေးသားနေတဲ့ "egg = ဥ" ဆိုတဲ့ fic လေးနဲ့အတူ လိုက်ပါနိုင်ပါတယ်နော်။ မလိုက်လဲရပါတယ်။ စာဖတ်သူလေးတွေ သဘောပါနော်...။💜
အားလုံးကို ချစ်ခင်လေးစားစွာနှင့်
နှုတ်ဆက်လိုက်ပါ၏။
VV Kit.🍰🧀
.......................................
တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now