အပိုင္း ၄၄

42.5K 3.3K 413
                                    

Unicode....

သွေးပူနေသည့် စောသိုက်ခေတ်မှာ ကားမောင်းလာသည့် လမ်းတလျှောက်လုံးတွင် "မြတ်ကြည် မင်း မောင့်ကိုမထားခဲ့နဲ့.."ဟူသော ဝါကျချည်းသာ တစ်ဖွဖွရေရွတ်နေတော့သည်။ တင်းခံထားသည့် အချစ်စိတ်တွေဟာလည်း ပိုတိုး၍ဆိုးလာလေသလား။ နောင်နေ့မနက်တွင် သူ၏ ချစ်ရသူသည် အခြားယောက်ျား၏ လက်ကိုတွဲလို့ သူ့အားကျောခိုင်းသွားတော့မည့်အဖြစ်အား တွေးတွေးရင်းပင် မခံမရပ်နိုင်ကပိုပိုဖြစ်လာရလေ၏။

အမှန်ဆိုလျှင် စောသိုက်ခေတ် ဒီအခြေအနေကြီးပြီးသွားနှင့် မြတ်ကြည်အပေါ် ဘာမဟုတ်သောစာချုပ်နှင့် မသက်ဆိုင်စေတော့ဘဲ တပါထဲ ချစ်ရေးဆိုပြီး တရားဝင်ခင်ပွန်းတစ်ယောက်အနေနှင့်သာ သူ့ဘဝကြီး ဆက်လက်ရှင်သန်ရန် ကြိုးစားထားသည်မို့လား။ ခုတော့ သူ၏ ချစ်ဇနီးလေးက အခြားသူနှင့်အတူ သူ့ဆီမှ အပြီးအပိုင်စွန့်ခွာသွားခြင်းမျိုးကို မလိုလားပါ။

Flash Back...>>>

ဆေးရုံဝန်းကြီးအတွင်းရှိ လူနာကုတင်ထက်တွင် ပတ်တီးအလိပ်လိပ်များစွာနှင့် လဲလျောင်းနေသော လူနာအနား  ဆရာဝန်လောင်းတစ်ယောက်သာရှိ၏။ ဆရာဝန်လောင်း၏ မျက်နှာသည် ပတ်တီးများစွာကိုင်ထားခြင်းခံရသောလူတစ်ဦးဆီတွင် အဆူခံနေရသဖွယ် မျက်နှာပျက်လှ၏။

"ဒီမယ်ဆရာဝန်.. ကျုပ်ပြောတာရော နားလည်ရဲ့လားမသိဘူး.."

"အာ..."

"ဒါ ကျုပ်တောင်းဆိုနေတာမဟုတ်ဘူးနော်။ အမှုတစ်ခုကိုလိုက်နေလို့ ပူးပေါင်းပါဝင်ပေးဖို့ပြောနေတာပါ။ အဓိပ္ပါယ်ကို နားကောနားလည်ပါရဲ့လား.."

ဆရာဝန်ဖြစ်သူကတော့ ခပ်ကြောင်ကြောင့်နှင့် ခေါင်းညှိမ့်ရှာသည်။

"ဒါဖြင့် ကျုပ်အခု မှတ်ဉာဏ်ပြောက်သွားတယ်ဆိုတဲ့ ဆေးထွက်စာကို ယူလာပေးဖို့ တောင်းဆိုတယ်။ "

"နား နားလည်ပါပြီ မြို့အုပ်မင်းခင်မျ..။ ဒါပေမဲ့ကျွန်တော်တို့ကို......"

"ကျစ် ရှည်လိုက်တာ သိပ်မကြာခင် ခင်များဆီ ရှေ့နေတစ်ဦးရောက်လာလိမ့်မယ် သူအကျိုးသင့်အကြောင်းသင့်ရှင်းပြမှနားထောင်လိုက်..."

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now