အပိုင်း ၂၂

53.3K 4.4K 107
                                    

"အာ နာလိုက်တာ လွှတ်ပါအုံး " ဟုဆိုခါ ပါးပြင်ကို ခပ်ဖွဖွပွတ်နေသည့် လက်ချောင်းတိုတိုလေးတွေက ဘာလက်ကလေးပါလိမ့်...

"ဟားဟား ဟုတ်ပါပြီ.."

စကားသံတွေဟာ ခဏ တိတ်ဆိတ်သွားလျှင် ကောင်လေးဟာ တစ်ခုခုကို မရဲမတင်းကလေးစ၍ဆိုလာသည်။

"ဟိုလေ မြတ်ကြည်က ယောက်ျားလေးဆိုတာ မြို့အုပ်မင်း သိပါရဲ့နော်..."

"အမ် သိတယ်လေ ဘာလို့များလဲ.."

အကြောင်းတစ်စုံတစ်ရာအား သိချင်စွာ စောသိုက်ခေတ် ဝါကျ၏အဆုံးတွင် စကားဆက်တစ်ခုအား ချန်လှစ်ထားခဲ့မိသည်။

"မ..မဟုတ်ပါဘူး.. မြတ်ကြည်ကို မိန်းကလေးဆိုပြီး အထင်ဆက်မှားနေမှာစိုးလို့ ပြီးတော့ မြတ်ကြည်ကို ဘာလို့များ အလိုလိုက်ပြီး နေနေရသလဲဟင် မြို့အုပ်မင်းက မြတ်ကြည်ကို သဘောမကျဘူးလေ ဟုတ်တယ်မှလား မြတ်ကြည်တို့က ဟန်ဆောင်.........."

"ရှူး...တော်ပြီ ၊ တော်ပြီလေ.."

စောသိုက်ခေတ်ရဲ့လက်ညှိုး ရှည်သွယ်သွယ်ဟာ မြတ်ကြည်၏ နှုတ်ခမ်းရှေ့ ဒင်္ဂါပြား တစ်ပြားစာအကွာမှာရပ်တန့်သွား၏..။ မြတ်ကြည်၏ ပြူးကြောင်ကြောင် မျက်လုံးဝိုင်းကလေးတွေကတော့ ပုတ်ခက်ပုတ်ခက်နှင့်ပင် ...

"ပြီးတော့ မြို့အုပ်မင်းမဟုတ်ဘူးလေ.. မောင် လို့ ခေါ်ရမယ်လို့ပြောထားပါရဲ့သားနဲ့.. အစောကတစ်ကြိမ် လူကြားထဲမှာ ခေါ်လိုက်သေးတယ် မေ့များမေ့နေတာတော့ မဟုတ်ပါဘူးနော်..။"

မြတ်ကြည် မျက်လုံးရွဲကြီးများနှင့် ဝင့်ခနဲမော့ကြည့်လာသည်အထိ ပြူးပြဲကြည့်မိသည်။ တကယ်က မြတ်ကြည် အနေသားမကျသေးသည်ကြောင့် မှားယွင်းစွာ ခေါ်မိခြင်းကို သူမသိလောက်ပါဘူးဟုထင်လိုက်မိသော်လည်း ယခုမူ သူကဖြင့် သိသိသာသာ မှတ်သားထားလေရဲ့...။ မြတ်ကြည် လတ်တလောမှာ ဘာမှတော့ပြန်မပြောနိုင်သေး...။

"ကဲ.. မောင်က ဘာလို့ မြတ်ကြည်ကို သဘောမကျရမှာလဲ..မြတ်ကြည် မင်းမှ အမှားမလုပ်တာ မောင်က ဘယ်လိုလုပ်များ မုန်းရက်မှာတုန်းကွယ်.. ဒါပေမဲ့ အစ,ကနဦးက သဘောမကျတာတော့ မှန်ပါရဲ့ ဘာကြောင့်များ မင်းကို မောင်မုန်းရသလဲဆိုရင် မင်းကို မောင်က အထင်လွဲခဲ့လို့လေ..အဲ့အတွက်လည်း မောင် ကိုယ့်ကိုကိုယ် အပြစ်တင်မိပါရဲ့.."

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now