အပိုင်း ၄၇ (ဇာတ်သိမ်းပိုင်း)

58.6K 4.3K 261
                                    

Zaw...

တစ်ညလုံးအသဲအသန်ရွာချထားသောမိုးသည် ဒီနေ့မနက်တွင်တော့ သူမဟုတ်တော့သလိုပင် ကောင်းကင်ပြင်၌ တိမ်ကင်းစင်လို့ နေရောင်ဖျာဖျာပင်ထွက်စပြုနေလေပြီ။

အရှိန်မသေးရွာချထားသော မိုးအရှိန်ကြောင့် မနက်ခင်းတွင် အိမ်အရှေ့ကွက်လပ်၌ ဟိုနေရာတစ်စု သည်နေရာတစ်စုနှင့် ရေအိုင်ငယ်များက အလိုလို ဖြစ်ထွန်းလို့နေလေသည်။ လမ်းဘေးရှိ ရေတိမ်မြုပ်နေရှာသော လမ်းဘေးမြက်ကလေးများ၏ အပင်အရွက်ဖျားနားတွင် ပုဇင်းငယ်လေးတစ်ကောင်က ဝဲပျံလို့ နေလေသည်။

လွန်ခဲ့သော တစ် ပတ်ခန့်က .....

အိမ်ရှေ့တွင်ထိုင်ခါ သတင်းစာဖတ်နေသော စောငိုက်ခေတ်အနား မြတ်ကြည် အဖြူရောင် စာရွက်ရှည်ကလေးကိုင်လို့ မချင့်မရဲကလေး တိုးကပ်သွား၏။

မြတ်ကြည်ရောက်လာမှန်းသိသော စောသိုက်ခေတ်က လက်ထဲက သီတင်းစာအားအမြန်ချခါ သူမကို မော့ကြည့်ရင်း မနက်ခင်းအပြုံးကလေးပေးလိုပ်ပါသည်။ စောသိုက်ခေတ် အပြုံးကိုမြင်တော့ မြတ်ကြည် အသက်ရှူပင် ကျပ်သွားရပါသည်။

"ထိုင်လေ မြတ်ကြည်ရဲ့ ..."

" မောင်..."

မထိုင်စေဘဲ စောသိုက်ခေတ်ဘေး တစ်ခဏရပ်တန့်နေမိသည်။ ထို့နောက် ရဲတင်းမှုမရှိသော တုန်ချိချိလက်တွေက စောသိုက်ခေတ်ထိုင်နေသည့် အရှေ့က ကျွန်းစားပွဲပေါ် စာရွက်တွေကို အပြန့်သားတင်လိုက်၏။

"ဘာလဲ မြတ်ကြည်"

မြတ်ကြည် ပြန်မဖြေပါ ...။ စောသိုက်ခေတ်ကပင် မြတ်ကြည် ပြန်မဖြေ၍ စာရွက်ဖြူဖြူထံ ငုံ့ကြည့်လိုက်ရသည်။

"!! မြတ်ကြည် ..!!"

" ကွာရှင်းစာချုပ်ပါ မြို့အုပ်မင်း..."

စောသိုက်ခေတ် သွေးပျက်သော မျက်နှာတို့နှင့် မြတ်ကြည်ထံ ဒေါသရောင်ဟပ်လ်ု့ခပ်စူးစူကြည့်လိုက်လျှင် တည်တင်းနေသော မြတ်ကြည်၏ မျက်နှာက စောသိုက်ခေတ်အား အားလျော့သွားစေသည့် စေတန်၏ ပန်းသီးတစ်လုံးနှယ်...။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now