Zaw...
"ဟုတ်တာပေါ့ရှင်..ဟုတ်တာပေါ့..."
အိမ်ဧည့်ခန်းက မေမေ၏ တဟုတ်ထဲဟုတ်နေသော ဟုတ်မှာ စောသိုက်ခေတ် အိမ်ရှေ့ဖိနတ်ချွတ်ခုံပေါ်မှာ ဖိနတ်ချွတ်နေကတည်းက စ၍ကြရသောစကားဖြစ်ရာတည်း။ ညနေ ၄နာရီထိုးပြီးသည်ဖြစ်၍ ရုံးမှပြန်လာသော စောသိုက်ခေတ်မှာ မည်သည့်ဧည့်သည်များရောက်နှင့်နေသနည်းဟူသော အသိကလေးနှင့် လက်ဆွဲအိတ်ကလေးဆွဲခါ အိမ်ထဲဝင်လာခဲ့လိုက်တော့သည်။
စောသိုက်ခေတ် အိမ်ထဲ ဝင်ဝင်ချင်းပင်မြင်လိုက်ရသည့် မျက်နှာတစ်ခုသည် သူမမြင်ချင်ပါသော မျက်နှာတစ်ခုဖြစ်ခဲ့ပါသည်။ သို့သော် ထိုလူ့ဘေးရှိ အမြဲမြင်တွေ့နေကြလူတစ်ဦးသည်တော့ ဒီတစ်ခေါက်တွင် မပါလာခဲ့ချေ။ မျက်ခုံးတွေကို ခပ်ကြုတ်ကြုတ်စုထားပစ်လိုက်ပြီး မမြင်ချင်ယောင်ဆောင်ခါ ကျော်တက်မည်အပြု မေမေသည် သူ့အား လှမ်း၍တားလိုက်၏။
"သား..ရုံးကပြန်လာပြီလား..."
"ဟုတ်မေမေ.."
"ဒီမယ် အထက်ရုံးတော်က ဧည့်သည်ရောက်နေတယ်လေကွယ်..လာထိုင်ပါအုံး.."
စောသိုက်ခေတ် သက်ပြင်းတစ်ချက်ဆွဲရင်း မေမေ့ဘေးရှိ ထိုင်ခုံနေရာလွတ်တွင် ဝင်ထိုင်လိုက်၏။ စောသိုက်ခေတ် မကြည့်ချင်လောက်အောင်မုန်းသော ဤမျက်နှာဖြူနယ်ချဲ့က ခုတော့ သူ့ကို ခနဲ့တဲ့တဲ့ကြည့်လို့....
"အဟင်း..မြို့အုပ်မင်းက အလုပ်တော့ အတော်ကြိုးစားသကိုး.. ရာထူးတွေ ဘာတွေများ စိတ်ဝင်စားသလား..."
ထိုစကားကြောင့် စောသိုက်ခေတ်၏ မျက်နှာမှာမဲခနဲ..။ ဘေးက ဒေါ်သန်းဆင့်ကတော့ မျက်ခုံးလေးတစ်ချက်ပင့်လို့ ဘေးကသာ အသာနားထောင်နေရ၏။
"မလိုသေးပါဘူး..ခုတော့ မြို့အုပ်ဘဝနဲ့ဘဲပျော်နေတယ်လေ..ဒါကြောင့် အခြေပျက် ခြစားနေတဲ့ လူမျိုးမဟုတ်လို့ ရာထူးလေးနဲ့လာကမ်းလှမ်းတာကတော့ သိပ်မဟုတ်သေးပေါင်...အဟင်း"
ရယ်သံနှောလို့ ဆိုလိုက်သည့် စောသိုက်ခေတ်၏စကားအား မေမေရော မျက်နှာဖြူကောင်ပါ သဘောမကျတာကို သူသိပေသည်။ တဖတ်ရှိ မာထန်နေဟန်ရှိသော အာဒန်မင်၏ပုံစံသည်လည်း ဆက်လက်အလျော့ပေးမည့်ပုံမဟုတ်ချေ။
YOU ARE READING
တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)
Romance၁၉၄၀ နှောင်းပိုင်း ကာလ... မြို့အုပ်မင်း+မြို့အုပ်ကတော်