ေတာင္းပန္ျခင္း🙏

7.7K 367 22
                                    

အားလံုးကို မ်က္ႏွာပူပူနဲ႔ဘဲေျပာစရာတစ္ခု႐ွိလာခဲ့ပါတယ္။ အခုေရးေနတဲ့ ေတာ္ေကာက္ျခင္းခံရေသာ ၿမိဳ႕အုပ္ကေတာ္ ဆိုတဲ့ ဝတၳဳေလးက VV မပိုင္နိုင္တဲ့အပိုင္း ေနရာေဒသနဲ႔ ပတ္ဝန္းက်င္ကို မွန္းေရးေနရတာေၾကာင့္ အမွားတစ္စံုတစ္ရာပါသြားမွာကို မလိုလားပါဘူး။ ျဖစ္ကတက္ဆန္းလုပ္ၿပီး ၿပီးၿပီးေရာ မေရးလိုတာေၾကာင့္ VV ျပင္ဆင္ခ်ိန္ အခ်ိဳ႕လိုအပ္ပါတယ္..။ အခု ေရာက္႐ွိေနတဲ့ အပိုင္း ၂၅ အထိကို အဖ်ား႐ွဴးလာသလိုပါခံစားရတယ္..။ မေရရာတဲ့ အပိုင္းေတြနဲ႔ မလိုအပ္တဲ့အပိုင္းေတြတအားမ်ားလာေနတာ မသိသာဘူးလို႔ထင္ရေပမဲ့ ရိပ္မိတဲ့လူတစ္ခ်ိဳ႕က ရိပ္မိေနေလာက္ပါတယ္။ အမွန္တိုင္းေျပာရရင္ VV က စာေရးရင္ စိတ္ေလာတက္တဲ့အက်င့္တစ္ခု႐ွိပါတယ္..။အစပိုင္းမွာက ဟုတ္သလိုလိုနဲ႔ ၿပီးခါနီးေရာက္လာရင္ ေျခမကိုင္မိ လက္မကိုင္မိနဲ႔မို႔ အမွားေတြအမ်ားႀကီးဖန္တီးတက္ပါတယ္။ အဲ့အတြက္ေၾကာင့္ ဒီဝတၳဳေလး အဆံုးထိေရးၿပီးခါမွ ျပန္လာတင္ေပးပါ့မယ္..။ အဆံုးထိေရးရတာ ဘာအတြက္ေၾကာင့္လဲဆိုေတာ့ ျပင္ဆင္ခ်ိန္ရဖို႔အတြက္ပါ..။ ၿပီးၿပီးေသာ ေ႐ွ႕အပိုင္းေတြမွာလည္း ဇာတ္ကြက္နဲ႔မကိုက္ညီတာမ်ိဳး႐ွိလာရင္ ျပန္ျပင္ဖို႔လိုအပ္တာမို႔ ျပင္ထားရင္ ျပင္ထားပါတယ္ဆိုတဲ့ အပိုင္းကို ျပန္ေျပာေပးပါ့မယ္..။ အေကာင္းဆံုးဆိုတာထက္ စာအုပ္ကေလးထြက္လာရင္ အပစ္အနာဆာကင္းတဲ့ ပံုစံေလးကိုသဲငယ္တို႔ကို ခ်ျပေပးခ်င္တာမို႔ နားလည္ေပးပါအံုး..။

ထပ္ေျပာခ်င္ပါတယ္ ။အားလံုးနားလည္ေပးဖို႔ VV ဘက္ကေန ေတာင္းဆိုပါတယ္..။ ဘယ္ေလာက္အထိ ၾကာမယ္ဆိုတာလည္း မေျပာျပတက္တာမို႔ ခန္႔မွန္းေျခအရ ၅လပိုင္းအကုန္ ၆လပိုင္းေလာက္ အရျပန္လာခဲ့ပါ့မယ္..။ဒီ့ထက္လည္း ေစာခ်င္ေစာပါ့မယ္။ ေျပာခ်င္တာကေတာ့ VV ဘက္က ဝတၱရားမေက်သလိုမ်ိဳးျဖစ္သြားရင္ ေတာင္းပန္ပါတယ္🙏

အဆက္အသြယ္ပ်က္ေနတဲ့ အခ်ိန္ခဏတာအတြင္း အားလံုးကို ႐ိုေသက်ိဳးႏြံစြာနဲ႔ ႏႈတ္ဆက္ပါတယ္ သဲငယ္တို႔..
🙏

Unicode...

အားလုံးကို မျက်နှာပူပူနဲ့ဘဲပြောစရာတစ်ခုရှိလာခဲ့ပါတယ်။ အခုရေးနေတဲ့ တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် ဆိုတဲ့ ဝတၳုလေးက VV မပိုင်နိုင်တဲ့အပိုင်း နေရာဒေသနဲ့ ပတ်ဝန်းကျင်ကို မှန်းရေးနေရတာကြောင့် အမှားတစ်စုံတစ်ရာပါသွားမှာကို မလိုလားပါဘူး။ ဖြစ်ကတက်ဆန်းလုပ်ပြီး ပြီးပြီးရော မရေးလိုတာကြောင့် VV ပြင်ဆင်ချိန် အချို့လိုအပ်ပါတယ်..။ အခု ရောက်ရှိနေတဲ့ အပိုင်း ၂၅ အထိကို အဖျားရှူးလာသလိုပါခံစားရတယ်..။ မရေရာတဲ့ အပိုင်းတွေနဲ့ မလိုအပ်တဲ့အပိုင်းတွေတအားများလာနေတာ မသိသာဘူးလို့ထင်ရပေမဲ့ ရိပ်မိတဲ့လူတစ်ချို့က ရိပ်မိနေလောက်ပါတယ်။ အမှန်တိုင်းပြောရရင် VV က စာရေးရင် စိတ်လောတက်တဲ့အကျင့်တစ်ခုရှိပါတယ်..။အစပိုင်းမှာက ဟုတ်သလိုလိုနဲ့ ပြီးခါနီးရောက်လာရင် ခြေမကိုင်မိ လက်မကိုင်မိနဲ့မို့ အမှားတွေအများကြီးဖန်တီးတက်ပါတယ်။ အဲ့အတွက်ကြောင့် ဒီဝတၳုလေး အဆုံးထိရေးပြီးခါမှ ပြန်လာတင်ပေးပါ့မယ်..။ အဆုံးထိရေးရတာ ဘာအတွက်ကြောင့်လဲဆိုတော့ ပြင်ဆင်ချိန်ရဖို့အတွက်ပါ..။ ပြီးပြီးသော ရှေ့အပိုင်းတွေမှာလည်း ဇာတ်ကွက်နဲ့မကိုက်ညီတာမျိုးရှိလာရင် ပြန်ပြင်ဖို့လိုအပ်တာမို့ ပြင်ထားရင် ပြင်ထားပါတယ်ဆိုတဲ့ အပိုင်းကို ပြန်ပြောပေးပါ့မယ်..။ အကောင်းဆုံးဆိုတာထက် စာအုပ်ကလေးထွက်လာရင် အပစ်အနာဆာကင်းတဲ့ ပုံစံလေးကိုသဲငယ်တို့ကို ချပြပေးချင်တာမို့ နားလည်ပေးပါအုံး..။

ထပ်ပြောချင်ပါတယ် ။အားလုံးနားလည်ပေးဖို့ VV ဘက်ကနေ တောင်းဆိုပါတယ်..။ ဘယ်လောက်အထိ ကြာမယ်ဆိုတာလည်း မပြောပြတက်တာမို့ ခန့်မှန်းခြေအရ ၅လပိုင်းအကုန် ၆လပိုင်းလောက် အရပြန်လာခဲ့ပါ့မယ်..။ဒီ့ထက်လည်း စောချင်စောပါ့မယ်။ ပြောချင်တာကတော့ VV ဘက်က ဝတ္တရားမကျေသလိုမျိုးဖြစ်သွားရင် တောင်းပန်ပါတယ်🙏

အဆက်အသွယ်ပျက်နေတဲ့ အချိန်ခဏတာအတွင်း အားလုံးကို ရိုသေကျိုးနွံစွာနဲ့ နှုတ်ဆက်ပါတယ် သဲငယ်တို့..
🙏

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now