အပိုင်း ၃၄

36.2K 3.6K 151
                                    

Zaw...

လွန်ခဲ့သောနှစ်အနည်းငယ် မြတ်ကြည်မွေးမလာခင်တုန်းက သခင်ကြီးဦးစေလိုရာဝန်နှင့် သခင်မကြီးဒေါ်ခိုင်သင်ဇာတို့ထံတွင် အလွန်ချစ်မြတ်နိုးရသော သမီးဦးရတနာကလေးတယောက်ရှိခဲ့၏။ သူမ၏နာမည်မှာ မြတ်နှင်းမော်မော် ဟုခေါ်တွင်စေပြီး သူမဟာ မြတ်ကြည်လေးနှင့် အလွန်ဆုံးရှိ အသက် ၉ နှစ်ကျော် ကွာဟလိမ့်မည်ဖြစ်၏။
သခင်ကြီးသည် ယဉ်ကျေးသိမ်မွေ့လွန်းသည့် သူမသမီးဖြစ်သူကို ပတ်ဝန်းကျင် လူကုန်ထံအသိုင်းအဝိုင်းများဆီ မကြာခဏ ပွဲထုတ်ပြတက်ပြီး မြတ်နှင်းလေးအပေါ် ရွှေပေါ်မြတင်ခါ စိန်ခြယ်ပေးခဲ့၏။မိခင်ဖြစ်သူသည် သူမ၏ သမီးအလိမ္မာကလေးကိုပင် ရွှေလိုငွေလိုဥခါ ပိုးမွေးသလိုမွေးခါ ဤသို့ချစ်ခင်ပေးခဲ့ကြသည်။

သို့သော်မြတ်နှင်းလေး အသက် ၉ နှစ်အရွယ်မှာကျောက်ရောဂါနဲ့ အဖျားကြီးပြီးဆုံးသွားရှာခဲ့တယ်။သမီးရတနာကလေးဆုံးရှုံးသွားကြသည့် မိဘတွေဟာ သမီးငယ်လေးအတွက်ပင် အသုဘမချပေးခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏သမီးအား မသေသေးပါဘူးဟူ၍မှတ်ယူခဲ့ကြသည့်ပုံပင်..။ သေဆုံးသွားသော အလောင်းကိုတောင် မီးသဂြိုလ်ခြင်း မြေမြှုပ်ခြင်းမပြုဘဲ အိမ်အထိန်းတော် ဒေါ်မိုးဆွေကို ကလေးငယ်ကိုသယ်ဆောင်ခါ မြစ်ရေထဲမျှောပြီး ပျောက်ဆုံးသွားစေသည်။ အသက် ၂နှစ်ပြည့်မွေးနေ့မင်္ဂလာရက်မြတ်၌ သမီးဖြစ်သူအား လက်ဆောင်ပေးခဲ့သော မိဘတွေ၏ အထူးလည်ဆွဲကလေးကတော့ ထိုကလေးနှင့်အတူ မြစ်ရေပြင်ထဲစီးမျောပြေါက်ကြပ်သွားခဲ့လေပြီ..။

သခင်ကြီးဦးစေလိုရာဝန်ဟာလည်း ကယောင်ချောက်ချားဖြစ်ခါ သမီးသေသည့်နေ့မှစလို့ တနေ့တနေ့ အရက်သောက်လိုက် အပျော်အပါးလိုက်စားလိုက်နှင့် အရက်ပင်ကျွမ်း ရောဂါကျွမ်း၍ဖြစ်လာတော့သည်။ ထိုအဖြစ်အပျက်ဟာလည်း ပတ်ဝန်းကျင်တွင် လူပြောချင်စရာဖြစ်လာခဲ့သည်။

ထိုနေ့က မွေးမလာသေးသော မြတ်ကြည်လေးအတွက် ကံဆိုးမိုးမှောင်ကျသောနေ့သာဖြစ်ခဲ့၏။ သမီးသေပြီး တစ်နှစ်အကြာမှာ သခင်ကြီးဟာ အရက်ကြောင့် အသည်းကြီးရောဂါနှင့် မရှုမလှ သေဆုံးသွားပြီး သခင်မကြီးထံတွင် ကိုယ်ဝန်နှစ်ပတ်ရှိနေခဲ့ခြင်းဖြစ်၏။ ထိုနေ့မှစလို့ သခင်မကြီးသည် စားမဝင်အိပ်မပျော်ခြင်းများစွာနှင့် မြတ်ကြည်ကို ကိုယ်ဝန်စဆောင်ခဲ့တော့သည်။ ကိုယ်ဝန်ရသည့် ကာလပတ်လုံး အာဟာရမျှတစွာမစားသဖြင့် ကလေးမွေးလာတော့လည်း မြတ်ကြည်ဟာ အကောင်ညှက်ညှက်ကလေးနှင့် ပေါင်ပင်မပြည့်ပါချေ။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now