အပိုင်း ၁၆

57.9K 5.1K 274
                                    

"မြို့အုပ် ခင်ဗျား... မြို့အုပ် ရှိသလားခင်ဗျ.."

မြို့အုပ်မင်း၏ ဝိုင်းရှေ့မှနေခါ ယိုင်နဲ့နဲ့ခြံစည်းရိုး ဝါးကပ်ကလေးအား လှုပ်ကိုင်ခါ စေလုံ အာကျယ်အာကျယ်ဖြင့် လှမ်း၍ အော်ခေါ်မိလေသည်။ ထိုအခါ မြို့အုပ်မင်းက တစ်ခုသော ပြူတင်းပေါက်မှနေခါ ခေါင်းပြူထွက်ရင်း ထိုငပြူးနှစ်ကောင်အား အထဲဝင်လာရန် အချက်ပြသည်။

"ကိုင်း ဆို.. အဘာကိစ္စတုန်း..."

မြို့အုပ်က ဆိုတော့...

"ဘာကိစ္စရယ်လို့တော့ မဟုတ်ပေါင်.. အတိုအတွာ ကိစ္စလေးတွေ လာရှင်းပါရဲ့.. "

ဘေးတွင် ကျကျနနထိုင်နေသော ချစ်ဇနီးသည် မြတ်ကြည်က ထိုငပြူးနှစ်ကောင်အား အကြမ်းရည်ငှဲ့ပေးရန် ပြင်နေသည်ကို မျက်လုံးထောင့်စွန်းမှ သိသိသာသာပင်မြင်နေရသည်။ ထို ချစ်ဇနီးသည်အမည်ခံ ချာတိတ်က အတော်ကလေး ဧည့်ဝတ်ကျေပွန်ချင်နေသည့်ပုံ...

"ဟဲဟဲ.. ဟိုလေ မြို့အုပ်ကတော်ခင်ဗျား.. " ဟူ၍ အစချီလိုက်ပုံက...

မြို့အုပ်အား ရယ်သာပြပြီး ချစ်ဇနီးသည်ကိုပင် အစောတလျင်လာတွေ့သည့်ပုံစံနဲ့ ငနဲနှစ်ကောင်အား နောက်စေ့ကဘဲ ဖြတ်ဖြတ်ချချင်ရော... အင်း စိတ်လျော့..!

"ဆိုဆို..."

"ဟ အုပ်ကတော် နှဖူးက အာလူးဘူးသီးကြီးက ဘယ်ကဘယ်လို........"

ဘိုး၏အမေးကြောင့် မြတ်ကြည်ခန္ဓာကိုယ်ကလေးက တောင့်ခနဲ..။ မြို့အုပ်မင်းမှာလည်း ချောင်းတွေကြီးသာ ဆွတ်ဆိုးနေလေရဲ့...။ မူမမှန်သော အခြေအနေကြီးအား ဘိုးနှင့်စေလုံမှာ မျက်လုံးကလေးတွေမှေးဆင်းလို့ လိုက်ကြည့်နေကြသည်။

"အို ဘာမှမဖြစ်ပါဘူး...မြတ်ကြည် မနက်က အိမ်ပုဏ္ဏားကွယ်နဲ့ ဂင်စောင့်မိတာ..."

"ဪ..ဪ..."

ထိုအခါမှ စောသိုက်ခေတ်က ဟင်းခနဲသက်ပြင်းခိုးချလိုက်၏။

"အုပ်ကတော်က ညနေစာ ချက်ပြီးထားရောလား.."

ဘိုးက ထိုသို့မေးလျှင် မြတ်ကြည် မျက်လုံးပြူးမျက်စံပြူးနှင့် ငှဲ့လက်စ အကြမ်းအိုးအား ဆောင့်ချပစ်ရင်း..

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now