အပိုင်း ၃၆

38.2K 3.6K 65
                                    

Zaw...

တီ တီ!

ကားဟွန်းသံတစ်ခုမှာ ခြံဝရှေ့မှ ရုတ်တရက်ထွက်ပေါ်လာသည်ကြောင့် မြတ်ကြည် အိမ်အခန်းပြူတင်းပေါက်မှနေခါ ခေါင်းကလေးပြူထွက်ခါလှမ်းကြည့်မိ၏။

"အို့..ဗိုလ်ကြီးတောင်ရောက်နေပြီဘဲ..."

..."မမလေးရေ မမလေး...အိမ်အောက်မှာ ဗိုလ်ကြီးရောက်နေပါပြီ..."

လှေကားတလျှောက် ခြေသံတဒုန်းဒုန်းနင်းတက်လာနေသည့် မိတူးမှာ အသံတဆာဆာနှင့် မြတ်ကြည်အား လှမ်းခေါ်နေပြီဖြစ်သည်။

ဒီကောင်မလေးက အမှတ်သည်းခြေကိုမရှိတာပါ...။ မိန်းကလေး ခြေသံတောင်မကြားရအောင် ခြေဖွလျှောက်ပါလို့ အမြဲလက်ပူထွက်အောက်သင်ပေးနေသည့် ကြီးဆွေသာကြားပါလျှင် အဆူအငေါက်ခံရအုံးမှာသေချာသည်။

"အင်း သိတာမို့ တော်တော်ကြာနေ မြတ်ကြည် အိမ်အောက်ဆင်းခဲ့မယ်..."

"ဟုတ်ကဲ့မမလေး..."

ခြေသံတဒုန်းဒုန်းနှင့်ပြန်ဆင်းသွားသော မိတူးအား မြတ်ကြည် စိတ်မောစွာပင် သက်ပြင်းချမိသည်။

မြတ်ကြည် အချိန်များများတော့မယူလိုက်ရပါ..။ခဏကြာတော့ လက်ဝတ်တန်ဆာအချို့ဝတ်ဆင်ရင်း အိမ်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
အဖြူခံကီမိုနိုထမိန်ပေါ်ပွင့်ရိုက်ထားသော ပန်းနုရောင်နှင့်အဖြူရောင် ဆာကူရာပန်းများသည် ထမိန်ပတ်လည်တွင် ပတ်လည် ရောယှက်နေပြီး မှန်ဇာပန်းနုရောင်ဖောက်ကို အဖြူရောင် လက်တစ်လုံးကြိုးနှင့် ဝတ်ဆင်ထားသည်မှာ တိုင်းတစ်ပါးသားဟန်အမူအရာဖြင့် မြန်မာဆန်ဆန် ရှုချင်စဖွယ် ငေးမောစရာအတိ လှပနေပါသည့။  ခါးအောက်ပိုင်းထိရှည်ကျနေသော ပိတုန်းရောင် ဆံနွယ်နက်နက်မှောင်မှောင်များသည်တော့ တစ်လွှာသိမ်းစည်းနှောင်ရင်း ကျောပြင်အပြည့်ဖျန့်ကျဲထားသည်မှာ အိစင်းပျော့ဖတ်၍ပင်နူးညံ့ပြောင်လက်နေပါသည်။

"ကြည်.."

"စောင့်လိုက်ရသေးလား..မြတ်ကြည် အားနာလိုက်တာ.."

"မစောင့်ရပါဘူး ကြည်ရယ်.. ကိုယ်တို့ နောက်မကျခင် အမြန်သွားရအောင်လေ..."

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now